- Web Master
- ၀၇ သြဂုတ် ၂၀၂၃
သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၃၀ / ၂၀၂၂
ခရီးသွားလာရေးလွယ်ကူချောမွေ့စေရန် ရည်ရွယ်ချက်ဖြင့် မာန်အောင်ကျွန်းနှင့် ရမ်းဗြဲကျွန်းအကြားတွင် အမြန်ရေယာဉ် တစ်စီးဖြင့် ယနေ့မှ စတင်ပြီးပြေးဆွဲသွားမည်ဟု သတင်းရရှိသည်။
၎င်းအမြန်ယာဉ်မှာ သုခနဒီ (၇) ရေယာဉ်ဖြစ်ပြီး ဧပြီ ၃၀ နေ့မှ စတင်ကာ မာန်အောင်မြို့နယ် သစ်၀ချောင်းမှ ရမ်းဗြဲမြို့နယ် လေးတောင်မြို့ သရက်ချိုသို့ နေစဉ် ပြေးဆွဲသွားမည်ဟု သုခနဒီရေယာဥ်လိုင်းမှ အဖွဲ့ဝင်ဦးလှမြင့်က နိရဉ္စရာသတင်းဌာကိုပြောသည်။
" အရင်ကတော့ ဒီလိုင်းကို စက်လှေတွေနဲ့ဆွဲတာရှိတယ်။ အခုက ခရီးသည်တွေများလာတဲ့အခါ ခရီးသွားလာမှု လွယ်ကူချောမွေ့စေလိုတဲ့အတွက် အခုလို အဆင့်မြင့် အမြန်ရေယာဉ်နဲ့ အစားထိုးပြေးဆွဲတာ ဖြစ်ပါတယ်။ ခရီးသည်တွေက ပုံမှန်ပါပဲ"ဟု
ယခင်က ခရီးသည်တစ်ဦးကို ရေယာဉ်ခ ကျပ် ၆၀၀၀ရှိခဲ့ရာမှ လက်ရှိအချိန်တွင် စက်သုံးဆီစျေး တက်မှုကြောင့် ကျပ် ၈၀၀၀ ထိ တိုးမြှင့် ကောက်ခံနေရကြောင်းသိရသည်။
ယခင် မာန်အောင်မှရမ်းဗြဲခရီးစဥ်ကို စက်လှေငယ်များဖြင့် ပြေးဆွဲခဲ့ရာမှ ယခု အမြန်ရေယာဥ်ဖြင့် ပြေးဆွဲသည့် အတွက် ခရီးသည်များအတွက် ပိုအဆင်ပြေသည်
"ဒီလိုမျိုး ရေယာဥ်နဲ့သွားရတာက အရင်က စက်လှေနဲ့သွားရတာထက် ခရီးသည်တွေ
သုခနဒီရေယာဥ်လိုင်းသည် ၂၀၂၁ ဒီဇင်ဘာလမှ စတင်ပြီး ခရီးသည်အယောက် ၆၀ ဆန့်သော စက်လှေဖြင့် ပြေးဆွဲခဲ့သော်လည်း ခရီးသည်သွားလာမှုများလာသဖြင့် ခရီးသည် အယောက် ၁၀၀ ဆန့်သော အမြန်ရေယာဥ်လိုင်းကို ပြောင်း
(ဓာတ်ပုံ - Moe Kaung Post)