တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်မဟာမုနိကုန်းတော်ပေါ်မှ စစ်သားများက အနီးအနားရှိ စစ်ဘေးရှောင်စခန်းကို သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 2k


နိရ ဉ္စရာ၊ မေ ၃၀/၂၀၂၂
ကျောက်တော်မြို့နယ်ရှိ သမိုင်းဝင်မဟာမုနိဘုရားကုန်းတော်ပေါ်တွင် တပ်စွဲထားသည့် စကစ တပ်သားများက ဘုရားပရု၀ုဏ်အနီးအနားတွင် တည်ရှိသည့် မဟာမုနိစစ်ဘေးရှောင်စခန်းကို ညအချိန် သေနတ်ဖြင့် ရမ်းသမ်း ပတ်ခတ်နေ၍ စစ်ဘေးရှောင်များ ထွက်ပြေးပုန်းရှောင်နေရကြောင်းသိရသည်။
"အခုကယ်ဆယ်ရေးကို ဖြိုပြီးပစ်နေတယ်။ ဘုရားကုန်းပေါ်ကနေ။ အခု ပြေးနေကြရတယ်။ စက်သေနတ်တွေနဲ့ ပစ်သလို ဆက်တိုက်ပစ်တယ်။ ခဏနေရင် စခန်းထဲကို လာပစ်မယ်ထင်တယ်" ဟုပြောသည်။
ယနေ့ည ၈ နာရီကျော်ခန့်မှစ၍ စတင်ပစ်ခတ်နေခြင်းဖြစ်ကာ လက်ရှိ အချိန်ထိ ပစ်ခတ်နေသဖြင့် စစ်ဘေးရှောင်များမှာ ကြောက်လန့်၍ ဘေးလွှတ်ရာသို့ ပုန်းရှောင်နေကြရကြောင်း မဟာမုနိစခန်းမှ စစ်ဘေးရှောင်တစ်ဦးက ယနေ့ ည ၉ နာရီကျော် အချိန်က နိရဉ္စရာ သတင်းဌာနကို ပြောသည်။
နောက်ထပ် စစ်ဘေးရှောင်တစ်ဦးက “ပစ်နေပါတယ်။ ပစ်နေပါတယ်။ ဖုန်းမဆက်ပါနဲ့ “ ဟု ပြောဆိုကာ ဖုန်းချသွားခဲ့သည်။
ကျောက်တော်မြို့ဒေသခံ ကိုဇော်ဝင်းက "ညည့်တိုင်းပစ်ချင်ရာဘက်ကို ရမ်းပြီးပစ်နေတယ်လို့ ကြားတယ်။ ဒီနေ့လည်း လွန်ခဲ့တဲ့ ၁၉ မိနစ်လောက်က ၃ ခေါက်လောက်တောင် အုန်းအုန်းနဲ့ ကြားလိုက်တယ်"ဟု ည ၉ နာရီကျော်က ဆက်သွယ်မေးမြန်းစဉ် ၎င်းက ပြောသည်။
မဟာမုနိဘုရားမှ ဘုရားဂေါပကတစ်ဦးကလည်း သေနတ်ပစ်ခတ်နေခြင်းမှာ ဟုတ်မှန်ကြောင်းအတည်ပြုပြီး ချက်ချင်းဖုန်းချသွားခဲ့သည်။
အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ နယ်လုံဝန်ကြီးကို ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါ။ (NN-8)

ဆက်စပ် သတင်းများ