တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မိုးရွာသွန်းမှုကြောင့် စစ်တွေမြို့မစျေးအနီးရှိ ယာယီပျံကျဈေး ရေ ၁ ပေခွဲခန့် နစ်မြုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 8.1k

နိရဉ္စရာ၊ ဇွန် ၃/ ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့ညက မိုးအဆမပြတ်ရွာသွန်းခဲ့သည့်အတွက် မြို့မစျေးကြီးအနီးတွင် အသစ်ဆောက်လုပ်ထားသည့် ယာယီပျံကျဈေးသည် ရေ ၁ ပေခွဲခန့်အထိ နစ်မြုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါဈေး၏ လမ်းမတစ်လျှောက်တွင် ယနေ့ ဇွန်လ ၃ ရက် နံနက် ၆ နာရီခန့်မှစတင်ကာ ရေ ၁ ပေခွဲခန့် နစ်မြုပ်ခဲ့သဖြင့် ဈေးလာဝယ်သည့်ဒေသခံများနှင့် ဈေးရောင်းချနေကြသူများ အခက်အခဲဖြစ်ပေါ်ခဲ့ရသည်ဟု ပြောကြသည်။
ယခုလိုရေနစ်မြုပ်ရခြင်းမှာ ဈေးတွင်ပြုလုပ်ထားကြသည့် ရေစီး၊ ရေဆင်း မြောင်းများ မကောင်း၍ ရေနစ်မြုပ်ခဲ့ကြခြင်းဖြစ်သည်ဟုလည်း စျေးရောင်းချနေသူများက ပြောကြသည်။
၂၀၂၀ ပြည့်နှစ် ဇွန်လက စျေးသူစျေးသားများ၏ ထည့်ဝင်ငွေဖြင့် စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး အဆောင်ပေါင်း ၁၀ ဆောင်နှင့် ဆိုင်ခန်း ၅၇၆ ခန်းပါဝင်ကြောင်း သိရသည်။
မြို့မစျေးရှိ ငါးစျေးတန်းသို့ ဝင်သည့်လမ်းတစ်လျှောက်တွင် ရောင်းချနေသည့် ကုန်စိမ်းစျေးသည်များကို ယခုပျံကျစျေးတွင် ၂ဝ၂၁ ခုနှစ်၊ ဇွန်လ ၁၃ ရက်မှစတင်ကာ ပြောင်းရွှေ့နေရာချပေးခဲ့ခြင်းဖြစ်သည်။ (NN-11)

ဆက်စပ် သတင်းများ