တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

အကြိမ်(၅၀)မြောက် စစ်တွေမြို့နယ် ဌာနပေါင်းစုံ ဗုဒ္ဓဘာသာဝင်အငြိမ်းစားများအသင်း မျက်နှာစုံညီအစည်းအဝေးကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 1.6k

နိရဉ္စရာ၊ ဇွန် ၆/ ၂၀၂၂
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အကြိမ်(၅၀)မြောက် စစ်တွေမြို့နယ်ဌာနပေါင်းစုံ ဗုဒ္ဓဘာသာဝင်အငြိမ်းစားများအသင်း မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အစည်းအဝေးကို စစ်တွေမြို့ ဗဟိုကိုးနဝင်းဧစေတီတွင် ဇွန်လ ၅ ရက် နေ့လည်ပိုင်းက ကျင်းပခဲ့ခြင်း ဖြစ်သည်။
“ သင်းလုံးကျွတ် အစည်းအဝေးမလုပ်ဖြစ်တာ (၂) နှစ်ကြာပြီဖြစ်တဲ့အတွက် လုပ်တာဖြစ်တယ်။ အစည်း အဝေးမှာတော့ ၂၀၂၀ ရသုံးစာရင်းရှင်းတမ်း။ သင်းလုံးကျွတ် အစီရင်ခံစာကို ဖတ်ကြားတင်သွင်းတယ်။ အသင်းမှာ လစ်လပ်နေတဲ့ အလုပ်မှုတွေကို ပြန်ရွေးတယ်။ ဒီလောက်ပါဘဲ။” ဟု အသင်းတာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးမောင်သာစိန်က ပြောသည်။
အဆိုပါအသင်းကို လွန်ခဲ့သည့် နှစ်ပေါင်း (၆၀)ခန့်ကတည်းကဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သူကပြောသည်။
အသင်း၏ အဓိကလုပ်ဆောင်ချက်မှာ အသင်းဝင်တစ်ဦးကွန်လွန်လျင် ကျပ်ငွေ (၁) သိန်းထောက် ပံ့ခြင်းသာ ဖြစ်ကြောင်းလည်း ဦးမောင်သာစိန်က ဆက်ပြောသည်။
“ အသင်းကတော့ အသင်းဝင်တစ်ဦး ကွယ်လွန်ရင် ငွေတစ်သိန်း ထောက်ပံ့တယ်။ အသင်းဝင်တစ်ယောက် ဆီက တစ်လကို ကျပ် (၁၀၀၀) လစဉ်ကြေးကောက်တယ်။ တခြားလုပ်ငန်းတွေတော့မရှိဘူး။”
အဆိုပါ အသင်းတွင် အသင်းဝင်ပေ ၁၅၀ ကျော်ခန့်ရှိပြီး အသင်းသားအဖြစ် အသစ် ဝင်ရောက်လို သူများ အနေနှင့် အသင်းဝင် လျှောက်လွှာတစ်ခုလျှင် ငွေ ၂၀၀ ကျပ်ဖြင့်ဝယ်ယူရပြီး အသင်းဝင်ကြေးအဖြစ် ကျပ်တစ် ထောင် ထည့်ဝင်ရသည်။
အသင်းဝင်အသစ် လျောက်ရာတွင်လည်း ပင်စင်စားဖြစ်ပြီး ကျန်းမာရေးကောင်းသူ ဖြစ်ရန်လိုအပ်ကြောင်းလည်း သူကပြောသည်။
အသင်းဝင်အသစ်ဖြစ် ဝင်ရောက်လိုသူများအနေဖြင့် လက်ရှိ တာဝန် ထမ်းဆောင်နေသူမဟုတ်လျှင် ဆေးပင် စင်ယူသူများ၊ လုပ်သက်ပြည့် ပင်စင်ယူထားသူများလည်း ဝင်ရောက်နိုင်ကြောင်း သိရှိရသည်။ (NN-14)
(ဓာတ်ပုံ- ဦးအောင်ကြည်မိုး)

ဆက်စပ် သတင်းများ