တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပျောက်ဆုံးနေသည့်မောင်တောမြို့နယ်မှ ပညာရေးဝန်ထမ်း ကျောင်းအုပ်တစ်ဦးနှင့် ဆရာမတစ်ဦးကို ရှာဖွေမှုများဆက်လက်ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 1.9k

နိရဥ္စရာ၊ ဇွန် ၁/ ၂၀၂၂


ရခိုင်ပြည်နယ်မောင်တောမြို့နယ်မြောက်ပိုင်းတွင် ဇွန် ၁၆ ရက်နေ့ကတည်းက ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးနေသည့် ပညာရေးဝန်ထမ်း ကျောင်းအုပ်ဆရာကြီးနှင့် လက်ထောက်ဆရာမတစ်ဦးတို့ကို ဒေသခံတိုင်းရင်းသားများကစုပေါင်းပြီး နယ်ခြားစောင့်တပ်ဖွဲ့၏ အကူအညီယူပြီး ရှာဖွေနေသည်ဟု သိရသည်။

 

ဖမ်းဆီးခံထားရသူများမှာ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို နယ်မြေအပိုင် င်္ဘောလှကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့်  မူလွန်ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်း (၃၄ နှစ်)နှင့် သူ၏လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်(၂၃ နှစ်ခန့်)တို့ဖြစ်ကြကြီး သူတို့ ပျောက်ဆုံး နေသည်မှာ ယနေ့ဆိုလျှင် ၄ ရက် မြောက်လာခဲ့ပြီဖြစ်သည်။


သူတို့ နှစ်ဦးသည် ဇွန်လ ၁၆ ရက်နေ့လယ်ပိုင်းက သင်္ဘောလှကျေးရွာမှ မောင်တောမြို့သို့ နောက်ထပ် အဖော်ဆိုင်ကယ်နှစ်စီး၊ စုစုပေါင်း သုံးစီးဖြင့်သွားကြစဉ် ကျောင်းအုပ်ဆရာကြီးဦးဘိုဝင်းနှင့် သူ၏လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ နှစ်ဦးမှာ မောင်တောမြို့သို့ မရောက်ဘဲ ပျောက်ဆုံးနေသည်။

 

သူတို့စီးလာသည့် ဆိုင်ကယ်ကို ဇီးပင်ချောင်းကျေးရွာအနီးတွင် တောအုပ်အနီးတွင် တွေ့ရှိခဲ့ပြီး စီးနင်းလာသူ ပညာရေးဝန် ထမ်းနှစ်ဦးမှာ ယနေ့အချိန်ထိ ပျောက်ဆုံးနေသည်။

 

ထိုသို့ ပျောက်ဆုံးနေပြီးနောက် လိုက်လံရှာဖွေနေကြပြီး  မည်မသိအဖွဲ့တစ်ခုမှ ၎င်းတို့နှစ်ဦးအတွက်  ပြန်ပေးငွေ တာကာငွေ သိန်း (၅၀) (မြန်မာကျပ်ငွေ သိန်းတစ်ထောင်) တောင်းထားသည်ဟု နံ့သာတောင်ဆရာတော် ဦးစရဏက နိရဉ္စရာသတင်းဌာနကို မိန့်ကြားသည်။


အဆိုပါ ပြန်ပေးဆွဲခံရသည့် သတင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရခိုင်ပြည်နယ်ကောင်စီမှသော်လည်းကောင်း၊ စစ်ကောင်စီပညာရေးဝန်ကြီးဌာနမှသော်လည်းကောင်း ယနေ့ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို မေးမြန်းလျှင်လည်း တာဝန်ရှိသူများက လက်ခံဖြေဆိုခြင်း မရှိ်ကြောင်းသိရသည်။

ဆက်စပ် သတင်းများ