- Web Master
- ၀၈ ဧပြီ ၂၀၂၄
နိရဉ္စရာ၊ ဩဂုတ် ၄/၂၀၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇူလိုင် ၃ ရက်နေ့က လူတစ်ဦးသေဆုံးခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုများကြောင့် သေဆုံသူ အရေအတွက်မှာ ၁၃၇ ဦးအထိ ရှိလာသည်ဟု သိရသည်။
၂၀၂၂ ခုနှစ် မေလ ၁၇ ရက်မှ သြဂုတ် ၃ ရက်အထိ သေဆုံးသူဦးရေမှာ ၁၃၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ဆောင်မှုများ ညွှန်ကြားမှုဦးစီးဌာန (DGHS) ကိုးကားပြီး UNB. သတင်းဌာနက သတင်းဖော်ပြသည်။
ရေကြီးရေလျှံမှုကြောင့် လူ ၁၀၇ ဦး ရေနစ်သေဆုံးခဲ့ပြီး မိုးကြိုးပစ်ခံရမှုကြောင့် ၁၈ ဦးသေဆုံးကာ မြွေကိုက်ခံရသည့် နှစ်ဦး၊ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် တစ်ဦးနှင့် အခြား အကြောင်းရင်း များကြောင့် ကိုးဦးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူများမှာ ဆီလပ် (Sylhet) ၇၇ ဦး၊ မိုင်မန်ဆိုဒ် (Mymensingh) မှ ၄၃ ဦး၊ ရမ်ပူရ် (Rangpur)မှ ၁၆ ဦး၊ ဒါကာမှ တစ်ဦးတို့ဖြစ်သည်။
(Photo by Dhaka Tribune)