တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

နိုင်ငံရေးပါတီများ၏ နိုင်ငံတကာအဖွဲ့အစည်းများနှင့်တွေ့ဆုံခွင့် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင် ကန့်သတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 2.6k

နိရဉ္စရာ၊ ဩဂုတ် ၁၂/၂၀၂၂
နိုင်ငံရေးပါတီများ၏ နိုင်ငံတကာအစိုးရအဖွဲ့များ အပါအဝင် သံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်တွေ့ဆုံခွင့်ကို စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ၂၀၂၂ ခုနှစ် ဩဂုတ် ၁၁ ရက် နေ့စွဲဖြင့် စာထုတ်ကာ ကန့်သတ် လိုက်သည်ဟု သိရှိရသည်။
အဆိုပါ ကန့်သတ်ချက်အရ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြား တိုင်းပြည်တစ်ခုခု၏ အဖွဲ့အစည်း သို့မဟုတ် လူပုဂိုလ်များနှင့် တွေ့ဆုံရန်ရှိပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကြိုတင် တင်ပြပြီး ခွင့်ပြုချက် ရရှိမှသာ တွေ့ဆုံခွင့်ရမည်ဖြစ်သည်။
နိုင်ငံရေးပါတီများအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၀၇(ဂ)၊ ၄၀၈ နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ (စ)ပါ ပြဌာန်းချက်များအရ “ နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေး အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂိုလ် တစ်ဦးဦးထံမှငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ ဩဇာခံယူခြင်း မပြုရေး” ကို စောင့်ထိန်းလိုက်နာရန် တာဝန်ရှိပြီး လိုက်နာရန် ပျက်ကွက်ပါက နိုင်ငံရေး ပါတီအဖြစ်မှ ပယ်ဖျက်ရမည်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်မရရှိဘဲ နိုင်ငံရေး ပါတီတစ်ခု သို့မဟုတ် နိုင်ငံရေးပါတီများက နိုင်ငံခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် လူပုဂိုတစ်ဦးဦးနှင့် တွေ့ဆုံခြင်းသည် အထက် အပိုဒ် ၅ ပါ ဥပဒေပြဌာန်းချက်များနှင့် ငြိစွန်းနေပါသဖြင့် သတ်မှတ်ချက်နှင့် အညီ တင်ပြရန်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သင့်လျော်သည့် အစီအမံဖြင့် စိစစ်ခွင့်ပြုပေးမည်ဖြစ်သည်ဟု ဆိုသည်။
၎င်းပြင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော မဲစာရင်းမှားယွင်းမှုများ၊ မဲမသာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များသည် မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံခြားသံရုံးများ၊ နိုင်ငံတာ အဖွဲ့အစည်း ( INGO) များနှင့် ၎င်းတို့က ထောက်ပံ့သည့် ပြည်တွင်း လူမှုအဖွဲ့အစည်း (CSO) များ၏ စွက်ဖက်ဆောင်ရွက်ချက်များနှင့်ဆက်စပ် ပတ်သက်လျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟုလည်း ဖော်ပြထားသည်။

ဆက်စပ် သတင်းများ