တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မြောက်ဦးမြို့က ရင်ဆို့(ခ) ကိုကျော်ဇံဝေကို စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 9.2k

နိရဥ္စရာ၊ စက်တင်ဘာ /၂၀၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ဒေသခံ ဟာသပို့စ်များတင်နေသူ ရင်ဆို့() ကိုကျော်ဇံဝေကို စစ်ကောင်စီက ယနေ့ စက်တင်ဘာ () ရက်နေ့ နံနက် () နာရီခန့်တွင် နေအိမ်မှ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

၎င်းကို မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက် သူ၏ နေအိမ်မှ စစ်သားနှင့်ရဲ့အင်အား ၂၀ ခန့်က ဝင်ရောက် ဖမ်းဆီးပြီး မြောက်ဦးအခြေစိုက်တပ်ရင်း (၃၇၇) ဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

"ကိုရင်ဆို့အဖမ်းခံရတဲ့ သတင်းဟုတ်ပါတယ်။ သေချာပါတယ်။ မနက် နာရီလောက်မှာ စစ်တပ်နဲ့ ရဲကဖမ်းပြီး (၃၇၇) တပ်ရင်းဘက်ကို ခေါ်သွားပါတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ကိုကျော်ဇံဝေ()ရင်ဆို့သည် သူ၏ Facebook  လူမှုကွန်ရက်စာမျက်နှာတွင် ဟာသများနှင့် စစ်ရေး၊ နိုင်ငံရေးအခြေအနေများကို မျှဝေလေ့ရှိသူဖြစ်သည်။

ယခုကဲ့သို့ အရပ်သားပြည်သူများကို စည်းမဲ့ကမ်းမဲ့ဖမ်းဆီးနေမည်ဆိုလျှင် ကျန်အရပ်သား ပြည်သူများမှာ မြန်မာစစ်တပ်ကို ခုခံရန် ရက္ခိုင့်တပ်တော်နှင့်ပူးပေါင်းသွားနိုင်ပြီး နှစ်ဘက် ပိုမိုတင်းမာလာနိုင်သည့်အတွက် မတရားဖမ်းဆီးခံထားရသည့် အရပ်သားများကို ပြန်လွှတ်ပေးစေလိုကြောင်း ဖမ်းဆီးခံရသူ ကိုကျော်ဇံဝေ()ရင်ဆို့ နှင့် နီးစပ်သူ လူမှုရေး တက်ကြွလှုပ်ရှားသူ ကိုအမ်းသားကြီးက ပြောသည်။

"အခုလို အရပ်သားပြည်သူတွေကို စည်းမဲ့ကမ်းမဲ့ဖမ်းနေမယ်ဆိုရင် ကျန်အရပ်သားပြည်သူတွေဟာ စစ်တပ်ကိုတုံ့ပြန်ဖို့ အေအေနဲ့ပူးပေါင်းသွားနိုင်ပါတယ်။ ဒီလိုဆိုရင် နှစ်ဦးနှစ်ဘက် ပိုတင်းမာမှုဖြစ်ပြီး တိုင်းပြည်အတွက် မကောင်းတဲ့လက္ခဏာဖြစ်လာနိုင်ပါတယ်။ အခုအချိန်မှာ တိုင်းပြည်ငြိမ်းချမ်းရေး အတွက် အနာဂတ်အတွက် လက်ရုံးရည်ထက် နှလုံးရည်နဲ့ဖြေရှင်းရမယ့်အချိန်ဖြစ်ပါတယ်။  ရင်ဆို့အပါအဝင် မတရားဖမ်းဆီးထားတဲ့ အရပ်သားတွေကို ပြန်လွှတ်ပေးစေချင်တယ်လို့ ပြောချင်ပါတယ်" ဟု ပြောသည်။

ယနေ့ စက်တင်ဘာ ရက် ညဥ့်အချိန် နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်သားများသည်  စစ်ကား () စီးနှင့် အကြောင်းမဲ့ မြို့ထဲသို့ဝင်ရောက်ပစ်ခတ်ပြီး ရှေးဟောင်းအမွေအနှစ် နန်းရာကုန်းတံတိုင်းများကိုပါ ပစ်ခတ်ခြင်း မြို့လယ်လူနေရပ်ကွက်ထဲကို သေနတ်နှင့် မိနစ် (၂၀) ခန့် အချက်ပေါင်းရာချီ တမင်တကာ ယမ်းသန်းပစ်ခတ်မှုများလည်း ရှိခဲ့သည်။

ယင်းနောက်ပိုင်းတွင် အရပ်သားလူငယ်တစ်ဦးကို ထပ်မံ ဖမ်းဆီးသွားခြင်းဖြစ်သည်။

လက်ရှိ မြောက်ဦးမြို့မစျေးနှင့် မြို့ထဲနေရာတော်တော်များများတွင် စစ်ကောင်စီတပ်သားများ သွားလာလှုပ်ရှားမှုများနေ၍ မြို့မစျေးကြီးကိုလည်းပိတ်ထားကာ ဒေသခံများကြောက်လန့်ပြီး အတက်နိုင်ဆုံးအပြင်မထွက်ဘဲ အိမ်ထဲမှာသာနေထိုင်နေကြကြောင်း မြောက်ဦးမြို့ခံများက နိရဥ္စရာကို ပြောသည်။ (NN-7)

(ဓာတ်ပုံ-Kyaw Zan Wai Fb)

ဆက်စပ် သတင်းများ