တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

၂ ရက်ကြာရပ်တန့်နေပြီးနောက် ယနေ့တွင်ထပ်မံသေနတ်သံများကြားရ၍ နယ်စပ်နေပြည်သူများကြောက်လန့်နေကြရဟုဘင်္ဂလာသတင်းဌာနကရေးသားဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6.5k

နိရဉ္စရာ၊ စက်တင်ဘာ ၆ / ၂၀၂၀၂

၂ရက်ကြာ သေနတ်သံများတိတ်နေသော ဘင်္ဂလာ-မြန်မာနယ်စပ်တွင် ယနေ့ ထပ်မံ၍ သေနတ်သံများကြားရသဖြင့် နယ်စပ်နေ အရပ်သားပြည်သူများအနေဖြင့် စိုးရိမ် ထိတ်လန့်နေကြသည်ဟု အိုကီးယားနယူစ်တွင် ယနေ့ သတင်းဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် အနီးရှိ ခေါင်းတုံး-တောင်ပြိုဘက်က သေနတ်သံများကို ယနေ့ နံနက် ၇ နာရီက စတင်ကာ ကြိုကြားကြိုကြား ကြားခဲ့ရပြီး ပေါက်ကွဲသံများကိုလည်း ကြားရသည်ဆိုသည်။

ယနေ့တွင် သေနတ်သံများပြန်ကြားရသော်လည်း လေယာဉ်များဖြင့် လာရောက် တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း၊ တိုက်ပွဲများကြောင့် နယ်စပ် အခြေအနေမတည်ငြိမ်သဖြင့် နှစ်ဘက်နိုင်ငံ နယ်စပ်တစ်လျှောက် လူများသွားလာမှု မရှိကြောင်းဖြင့်လည်း သတင်းတွင် ဖော်ပြထားသည်။  

ရခိုင်နယ်စပ်နေ ပြည်သူများအပြောအရ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံကျေးရွာအနီးတွင်လည်း ယနေ့ မွန်းလွဲ ညနေ ၃ နာရီခန့်က  အေအေနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

လွန်ခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့ကလည်း မြန်မာ- ဘင်္ဂလာနယ်စပ်တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး မြန်မာဘက်က စစ်လေယာဉ်များ ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း ဝင်ရောက်ခဲ့သလို မြန်မာဘက်က မော်တာကျည်ဆန်များလည်း ဘင်္ဂလာနယ်မြေထဲ ကျရောက်မှုများရှိခဲ့သဖြင့် င်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အောင်ကျော်မိုးကို ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့က ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

ဆက်စပ် သတင်းများ