တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မနွယ်သန္တာဝင်းအသတ်ခံမှုနှင့်ပတ်သက်ပြီး အမှုဆင်ဖမ်းထားသည့်လူငယ်ကို အမြန်ဆုံး ပြန်လွတ်ပေးသင့်ကြောင်း လူ့အခွင့်အရေးရှေ့နေပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 3.3k

နိရဉ္စရာ ၊စက်တင်ဘာ /၂၀၂၂

အများပြည်သူများ စိတ်ဝင်စားနေသည့် စ်တွေမြို့မှ မနွယ်သန္တာဝင်း အသတ်ခံရမှုတွင် အပြစ်မရှိဘဲ အမှုဆင်ဖမ်းထားသည့် လူငယ်တစ်ဦးဖြစ်သူ ကိုမျိုးချစ်စိုး အသက်(၂၀ )နှစ်ကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်သည်ဟု အမည်မဖော်လိုသူ လူ့အခွင့်အရေး ရှေ့နေတစ်ဦးက ပြောသည်။

''ULA/AAတရားခံအစစ်ကို ဖမ်းထားကြောင်းကြေညာထားတယ်။စစ်ကောင်စီက တရားခံ အစစ်ကို မရလိုက်လို့ သံသယရှိတာကို အကြောင်း ပြပြီး အမှုဖန်တီးဖို့ကြိုးစားနေတာ။ တရားခံမဖမ်းမိရင် သူတို့ ဂုဏ်သိက္ခာကျမှာလေ ။အဲ့ ဒါကြောင့် သူတို့က အပြစ်မရှိတဲ့သူကို မတရားသက်သေတွေနဲ့ အမှုဆင် ဖမ်းထားတာပေါ့'' ဟု အဆိုပါ လူ့အခွင့်အရေးရှေ့နေက နိဉ္စရာသို့ ပြောသည်။ 

မနွယ်သန္တာဝင်း အသတ်ခံရမှုနှင့်ပတ်သက်၍ ကမ်းထောင်းကြီးမြို့မှ စစ်တွေတွင် လာရောက် အလုပ်လုပ်နေသူ ကိုမျိုးချစ်စိုး အသက်(၂၀ )နှစ် ကို စစ်ကောင်စီက သြဂုတ်လ (၁၆ )ရက်နေ့က သံသယတရားခံအဖြစ် ဖမ်းဆီးခဲ့သည်။

အဆိုပါအမှုကို လေ့လာစောင့်ကြည့်နေသူ လူ့အခွင့်အရေးရှေ့နေက ကိုမျိုးချစ်စိုးက ဖမ်းဆီးတာခြင်းသည် တရားခံအစစ်ကို မဖမ်းနိုင်၍ လူစားထိုးတရားစီရင်ရန် အမှုဆင် ဖမ်းထားခြင်းဖြစ်သဖြင့် ပြန်လွှတ်ပေးသင့်သည်ဟု  နိရဉ္စရာသို့ ပြောသည်။

အဆိုပါ လူ့အခွင့်အရေးရှေ့နေက ''စစ်ကောင်စီက တရားဥပဒေစိုးမိုးရေ၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အကုန်လုံးကို ချုပ်ကိုင်ထားတာလေ။ သူတို့ရဲ့ ချို့ယွင်းချက်ကို ဖုံးကွယ်ဖို့ ဘာမဆိုလုပ်မှာဘဲ။ ၁၅.၈.၂၀၂၂ ရက်နေ့က မျိုးချစ်စိုးဟာ သူအလုပ် လုပ်တဲ့ဆိုင်မှာပဲ သူ့အလုပ်ရှင်၊ အလုပ်ဖော်တွေနဲ့ တနေကုန်ရှိတယ်။အခင်းဖြစ်တယ်လို့ ယူဆရတဲ့ မွန်းလွဲ ၂နာရီနဲ့ ၃နာရီကြားမှာ သူက သူတို့ အလုပ်ဆိုင်မှာပဲရှိနေတယ်။ ဆိုလိုတာက မျိုးချစ်စိုးဟာ ဒီအမှုရဲ့တရားခံမဖြစ်နိုင်ဘူး'' ဟု နိရဉ္စရာသို့ ပြောသည်။

AAက တရားခံအစစ်ကို ဖမ်းဆီးထား၍ ရဲတပ်ဖွဲ့အနေဖြင့် ဂုဏ်သိက္ခာဆယ်လိုသည့်အနေဖြင့် အပြစ်မဲ့လူငယ်တစ်ဦးကို ဖမ်းဆီးထားရန် မသင့်ကြောင်းနှင့် လူငယ်တစ်ဦးအနေဖြင့် အမှုနှင့် မဆိုင်ဘဲ ဖမ်းဆီးခံထားရ၍ အထူးထိခိုက်နစ်နာမှုရှိနေ၍ မဆိုင်သူကိုဖမ်းဆီးခြင်းမပြုလုပ်သင့်ကြောင်း ၎င်းက နိရဉ္စရာ သို့ ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ၏ တရားစီရင်ရေးမှာ တရားရုံးတွေကို လိုအပ်သလို တရားစီရင်ရေးကို ရင်ကြိုးကိုင်ထားသဖြင့် ကိုမျိုးချစ်စိုးမှာ မတရား အပြစ်ပေးခံရနိုင်ကြောင်း အဆိုပါရှေ့နေက သုံးသပ်ပြောဆိုသည်။

ကိုမျိုးချစ်စိုးကို သြဂုတ်လ (၁၆)ရက်နေ့ကဖမ်းဆီးပြီး လူသတ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားကာ သြဂုတ်လ (၃၁ )ရက်တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ် ၍ မန်ချုပ်ရက် ထပ်ယူထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ