တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ဝ” တပ်မတော် UWSAနှင့် တွေ့ဆုံအပေါ် AA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ညိုထွန်းအောင်ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲသို့တက်ရောက်ပြောကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 1.4k

နိရဥ္စရာ၊ စက်တင်ဘာ ၁၉/၂ဝ၂၂


ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နှင့်တွေ့ဆုံမှုနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဒေါက်တာညိုထွန်းအောင်ကိုယ်တိုင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်လင်းပွဲကို တက်ရောက်ပြောဆိုခဲ့သည်။


အခု UWSA ရဲ့ အသစ်ခန့်အပ်လိုက်တဲ့ မျိုးဆက်သစ်လူငယ်ခေါင်းဆောင်တွေနဲ့ ကျနော်တို့ကြားထဲမှာ ပိုပြီး ရင်းရင်းနှီးနှီးနဲ့ လက်တွဲပြီးတော့ အလုပ်လုပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေအများကြီး ပါပါတယ် ဒီအတွက် သွားရောက်ခဲ့တာပါဟု ပြောသည်။

 

၎င်းပြင် အသစ်ခန့်အပ်လိုက်သည့် မျိုးဆက်သစ် လူငယ်ခေါင်းဆောင်များနှင့် FPNCC အဖွဲ့များကြား ပိုမိုရင်းနှီး လက်တွဲ အလုပ်လုပ်နိုင်ရန်ရည်ရွယ်၍ မကြာသေးခင်က ပြည်သို့ သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု AA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောသည်။

ယနေ့ စက်တင်ဘာလ ၁၉ ရက် နံနက် ၁ဝ နာရီတွင် အွန်လိုင်းမှတဆင့်ပြုလုပ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ ပ ဉ္စမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာညိုထွန်းအောင်ကိုယ်တိုင် တပ်ရောက်ပြီး သတင်းသမားများ မေးမြန်းသည့် မေးခွန်းအချို့ကို ပြန်လည် ဖြေကြားခဲ့ည်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်က ဒေသတွင် ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

ယင်းတွေ့ဆုံပွဲကိုလည်း ရက္ခိုင့်တပ်တော်(AA)မှ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့သည်။

ဒေါက်တာညိုထွန်းအောင်က အရင်ကနေ ဒီ FPNCC အဖွဲ့ဝင်တွေကြားထဲမှာ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေရှိပါတယ်။ FPNCC ရဲ့ အဓိပ္ပာယ်ကိုယ်တိုင်ကလည်း နိုင်ငံရေး တွေ့ဆုံရေးအဖွဲ့ဖြစ်ပါတယ်။ စစ်ရေးကို ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့မဟုတ်ဘူး။ အထူးသဖြင့် မြန်မာနိုင်ငံထဲမှာဖြစ်ပျက်နေတဲ့ နိုင်ငံရေးကိစ္စတွေ၊ နောက်ပြီး ကျနော်တို့အချင်းချင်း၊ တစ်ဖွဲ့ချင်းအလိုက် FPNCC အဖွဲ့အချင်းချင်းတွေကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အရင်ကထက်ပိုပြီးတော့ ခိုင်မာလာအောင်၊ နောက်ပြီး မတွေ့တာကြာပြီဆိုတော့ တစ်ဖွဲ့ချင်းစီရဲ့ အခြေအနေတွေကိုလည်း တင်ပြရင်း၊ ရခိုင်ပြည်၊ ဗမာပြည်ထဲကအခြေအနေတွေကို အမြင်ချင်းဖလှယ်တဲ့ပုံစံမျိုးတွေကို ပြောဖြစ်တာပါဟုလည်း ပြောသည်။

ယင်းတွေ့ဆုံပွဲတွင် စစ်ရေးကိစ္စများကိုပြောဆိုဆွေးနွေးခဲ့မှုများကိုတော့ သီးသန့်ထုတ်ဖော်ပြောဆိုရန် အစီအစဉ်မရှိဟု ဆိုသည်။

ယခုကဲ့သို့တွေ့ဆုံမှုသည် FPNCC အဖွဲ့ဝင်များအကြား ပုံမှန်တွေ့ဆုံမှုသာဖြစ်ပြီး ယခင်က ကိုဗစ်ထိန်းချုပ် ကန့်သတ်မှုများကြောင့် သွားလာမတွေ့ဆုံနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


ဓာတ်ပုံ - ယနေ့ စက်တင်ဘာလ ၁၉ ရက်တွင်ပြုလုပ်သော ULA/AA ၏ ပဥ္စမအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်အားတွေ့ရစဉ်။

ဆက်စပ် သတင်းများ