တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မောင်တောခရိုင် ပညာရေးမှူး ဒေါက်တာ မြင့်မြင့်စန်းကို သတ်ဖြတ်သူများမှာ PDF ဟု စစ်ကောင်စီစွပ်စွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 9.6k

နိရဉ္စရာ၊ အောက်တိုဘာ / ၂၀၂၂၂

 

ရခိုင်ပြည် မောင်တောခရိုင် ပညာရေးမှူး ဒေါက်တာ မြင့်မြင့်စန်းကို သတ်ဖြတ်သွားသူများမှာ PDF အမည်ခံအဖွဲ့မှ ဖြစ်ကြောင်း ယနေ့ထုတ် စစ်ကောင်ပိုင်သတင်းစာများတွင် ရေးသားဖော်ပြထားသည်။

 

အဆိုပါသတင်းစာတွင် PDF အမည်ခံ အကြမ်းဖက်သမားများက မောင်တောခရိုင် ပညာရေးမှူးအား အကြောင်း မဲ့ သတ်ဖြတ်ဆိုသည့် ခေါင်းစည်းဖြင့် ယနေ့ထုတ် သတင်းစာတွင် ရေးသားထားသည်။

 

 အောက်တိုဘာလ () ရက်နေ့ () နာရီတွင် ရခိုင်ပြည် မောင်တောမြို့နယ် မြို့သူကြီးရပ်ကွက် ဘူးသီး တောင် မောင်တောကားလမ်းဘေးရှိ  မောင်တောခရိုင် ပညာရေးမှူးရုံး နှစ်ထပ်ဆောင်အောက်တွင် ဒေါ် မြင့် မြင့်စန်း (၆၀)နှစ် () ဦးမြဘူအား အကြမ်းဖက်အမျိုးသား () ဦးက အကြောင်းမဲ့ ဓါးဖြင့်ဝိုင်းဝန်းထိုးနှက် သတ်ဖြတ်ခဲ့သဖြင့် ဒေါ်မြင့်မြင့်စန်းမှာ ဓါးဒဏ်ရာများရရှိခဲ့ကာ မောင်တောမြို့နယ် ပြည်သူ့ ဆေးရုံကို ပို့ ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်ဟု ဖော်ပြထားသည်။

 

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

 

အောက်တိုဘာလ ရက် ညနေက ဒေါက်တာ မြင့်မြင့်စန်းမှာ ခရိုင်ပညာရေးမှူး ဆောင်တွင် တစ်ယောက်တည်းရှိနေစဉ် ဆိုင်ကယ်စီး လူငယ် () ဦးမှ ဓါးများဖြင့် လာရောက် သတ်ဖြတ် သွားသည့်အတွက် လည်ပင်းနှင့် မျက်နှာတွင် ဓါးဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် သေဆုံးခဲ့သည်ဟု မောင် တောမြို့မှ ပညာရေးဝန်ထမ်းများက ပြောသည်။

 

ဒေါက်တာမြင့်မြင့်စန်းမှာ ရန်ကုန်တိုင်းဒေသကြီး ကမာရွက်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် မောင်တောခရိုင် ပညာရေးမှူးအဖြစ် တာဝန်ကျလာသူ ဖြစ်သည်။

 

ဒေါက်တာ မြင့်မြင့်စန်းအလောင်းကို အောက်တိုဘာလ () ရက်နေ့ ညနေပိုင်းက သဂြိုလ်ရာတွင် မြို့ခံများနှင့် ပညာရေးအဝိုင်းက ထောင်နှင့်ချီသည့် လူများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

 

ဖြစ်စဉ်တွင် ပါဝင်ပတ်သတ်သူများကိုလည်း ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက  စုံစမ်းဖော်ထုတ်လျက်ရှိသည်ဟုလည်း မြန်မာ့အလင်း သတင်းစာတွင် ရေးသား ထားသည်။

ဆက်စပ် သတင်းများ