တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ဒရုန်းတစ်စင်းကို စစ်ကောင်စီတပ်ကလက်နက်ငယ်များပစ်ခတ်၍ အမ်းမြို့နယ်၊ဒါးလက်အုပ်စု ရွာသားများအထိတ်တလန့်ဖြစ်ခဲ့ကြရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 10k

နိရဥ္စရာ၊ အောက်တိုဘာ /၂၀၂၂

ရခိုင်ပြည်နယ်၊အမ်းမြို့နယ်၊ဒါးလက်အုပ်စု အလယ်ကျွန်းတောင်ဘက်တွင်ရှိသော ပိန္နဲတောင်နှင့် အိုးထိန်းတောင်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော်(AA) က လွှတ်တင်သည့် ဒရုန်းတစ်စင်းကို က်နက်ငယ်များဖြင့် ပစ်ခတ်ကြ  အနီးအနားရှိ ဒေသခံများအနေဖြင့် အထိတ်တလန့် ဖြစ်ခဲ့ရသည်ဟု ကျေးရွာသားများက ပြောသည်။

ယနေ့ အောက်တိုဘာ ၅ရက် နေ့လယ် ၁နာရီခန့်တွင် အလယ်ကျွန်း အနီးပတ်ဝန်းကျင်ကို ရက္ခိုင့်တပ်တော် (AA)က ဒရုန်းလွှတ်တင်ခဲ့ပြီး ၎င်းဒရုန်းကို  ဒါးလက်အလယ်ကျွန်း ပိန္နဲတောင်နှင့် အိုးထိန်းတောင်မှ အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် လှမ်းပစ်ခတ်ခဲ့ကြသည်ဟု ဒေသခံတစ်ဦးက နိရဥ္စရာ ကိုပြောသည်။

" ဒီနေ့ နေ့လယ် ၁နာရီလောက်က အေအေက ဒရုန်းလွှတ်တယ်။ ၁၅မိနစ် လောက်ွှတ်တာပါ။အဲ့ဒီ ဒရုန်းကို အလယ်ကျွန်းမှာ ပိန္နဲတောင်နဲ့အိုးထိန်းတောင်မှ အခြေစိုက်ထားတဲ့စစ်တပ်လှမ်းပစ်တာပါ။ လက်နက်ငယ် အချိန်း ၃၀လောက်ရှိမယ်။အဲဒါနဲ့ ရွာသားတွေက ကြောက်ပြီးတော့ ဗုံးတွင်းတူးထားတဲ့ သူတွေမှာဆိုရင် ဗုံးခိုကျင်းမှာဝင်ပုန်းတာတွေရှိပါတယ်။ အခုတော့ငြိမ်သွားပါပြီ " ဟုပြောသည်။

စစ်ကောင်စီတပ်မှ လက်နက်ငယ်ပစ်ခတ်သည့်အချိန်တွင် ကျေးရွာထဲတွင် ကျရောက်ပြီး  ထိခိုက်မှုမရှိသော်လည်း ရွာသားများမှာအထိတ်တလန့်ဖြစ်ပြီး ဗုံးတွင်းထဲ ဝင်ရောက်ခိုလှုံမှုများ ရှိခဲ့သည်ဟုသိရသည်။

ယခုကိစ္စနဲ့ပတ်သတ်ပြီး၊ ဒါးလက်အုပ်စုအုပ်ချုပ်ရေးမှူးကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။

တခြားဒေသခံတစ်ဦးကလည်း " ပိန္နဲတောင်မှာအခြေစိုက်ထားတဲ့ စစ်တပ်က ဒီနေ့ နေ့လယ် နာရီလောက်က လက်နက်ငယ် အချိန်း ၃၀လောက်ပစ်ခဲ့ပါတယ်။ အခုတော့ငြိမ်သွားပါပြီ" ဟုပြောသည်။

ယခုကိစ္စနဲ့ပတ်သတ်ပြီး ရခိုင်ပြည်နယ်လုံခြုံ  ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ကိုလည်းဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ ရက္ခိုင့်တပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခကိုလည်း ဆက်သွယ်မေးမြန်း၍ မရသဖြင့် ရွာသားများပြောဆိုသည့် ဒရုန်းမှာ အေအေက လွှတ်တင်သည့် ဒရုန်း ဟုတ်/ မဟုတ်ဆိုသည်ကို သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

အမ်းမြို့နယ်၊ ဒါးလက်အုပ်စုတွင် ကျေးရွာစုစုပေါင်း ၄၄ ရွာရှိ အိမ်ခြေ ၂၀၀၀ကျော်နှင့် လူဦးရေ ၀၀၀ကျော်ရှိပြီး ချင်းလူမျိုးနှင့် ရခိုင်လူမျိုးများ နေထိုင်ကြသည်ဟုသိရသည်။  

ထိုကျေးရွာသားများမှာ အဓိက သီဟိုဠ် သရက်ခင်းနှင့် ဥယာဉ်ခြံမြေ၊ တောင်ယာစိုက်ခင်းများ လုပ်ကိုင်စားသောက်ကြသော်လည်း မကြာခဏ မိုင်းပေါက်ကွဲမှုများဖြစ်ပြီး လူသေမှုများလည်းရှိနေ၍ တောင်ယာလုပ်ငန်း လုပ်ကိုင်သူလည်း နည်းပါးလာပြီး အများစုမှာ လက်လုပ်၊ လက်စားဘ၀သို့ ရောက်ရှိလာကြသည်ဟု သိရသည်။   (NN-13)

ဆက်စပ် သတင်းများ