တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မင်းပြားဒေသခံလူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ကထပ်မံဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6.2k

နိရဉ္စရာ၊ အောက်တိုဘာ /၂၀၂၂

မင်းပြားမြို့နယ်၊ ထောင့်ချောင်းကြီးရွာမှ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ထပ်မံ ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ  ဦးအောင်တင်၏ စိုးချေ(၁၉) နှစ်နှင့် ဦးမောင်မောင်လှ၏သား မောင်ခင်ဝင် (၁၉)နှစ်တို့ ဖြစ်ကြသည်။

ယနေ့ အောက်တိုဘာ ရက် နေ့လယ် နာရီအချိန်တွင် ၎င်းတို့နှစ်ဦး ဆိုင်ကယ်နှင့်လာစဉ် (၃၇၉) တပ်ရင်းက ဖုန်းနှင့် ဆိုင်ကယ်များကို စစ်ဆေးခဲ့ကာ လက်ပြန်ကြိုးတုတ်၊ရိုက်နှက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း  ဖမ်းဆီးခံရသူစိုးချေနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 " နေ့လယ် နာရီလောက်မှာ (၃၇၉) တပ်ရှေ့မှာ လမ်းသွားလမ်းလာတွေကို စစ်တာပါ။ သူတို့နှစ်ယောက်ဆိုင်ကယ်နဲ့သွားတာကို ဆိုင်ကယ်တွေကို စစ်တယ်။ ဖုန်းတွေကိုစစ်ပါတယ်။ စစ်တော့ ဖေ့စ်ဘုတ်မှာ အေအေနဲ့ပတ်သက်တဲ့ပို့စ်တွေ ရှယ်ထားတာတွေ့လို့ ဖမ်းသွားတာလို့ထင်ပါတယ်။ လက်ပြန်ကြိုးတုတ် ရိုက်နှက်ခေါ်သွားတာလို့ သိရပါတယ်။ တခြားဘာမှလည်း ပတ်သက်တာမရှိပါဘူး။ သူတို့က သာမန်အရပ်သားတွေပါ"ဟု  ပြောသည်။

ပါးတော်ဆရာတော် နှင့် ဖမ်းဆီးခံရသူနှစ်ဦး၏ ဖခင်များ၊ ရပ်မိရပ်ဖများ (၃၇၉) တပ်သို့သွားရောက်ကာ အကျိုးအကြောင်းသွားရောက်ညှိနှိုင်းသော်လည်း (၃၇၉) တပ်က ဝင်ခွင့်မပြုခဲ့ကြောင်း မောင်ခင်ဝင်း၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"သူတို့အဖေတွေနဲ့  ပါးတော်ဆရာတော်၊ ရပ်မိရပ်ဖနှစ်ယောက် (၃၇၉) ကို အကျိုးအကြောင်း ပြောပြဖို့သွားတာ ဝင်ခွင့်တောင်မပေးဘူး။ လမ်းဝက ဂိတ်တံခါးပိတ်ပြီး အတွေ့တောင်မခံဘူး ပြောပါတယ်"ဟု ပြောသည်။

မင်းပြားမြို့နယ် ရာမောင်တံတားအနီးတွင် စက်တင်ဘာ ၁၀ ရက်နေ့က ဆိုင်ကယ်နှင့်လာသည့် ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ပစ်တာဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၂၁ ရက်နေ့ကလည်း နရမ်းကျေးရွာမှ ဒေသခံနှစ်ဦးကိုဖမ်းဆီးခဲ့သည့်အပြင် တခြား မင်းပြားမြို့နယ်မှဒေသခံတချို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်။

ယင်းအပြင် ယနေ့ နံနက်ပိုင်းကလည်း မြောက်ဦးမြို့မှဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီး ရခိုင်မှ မြို့နယ်အများအပြားတွင် ဒေသခံများကို ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။(NN-7)

ဆက်စပ် သတင်းများ