စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

မောင်တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်မီးရှို့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2.8k

နိရဉ္စရာ၊ အောက်တိုဘာ ၁၃/၂၀၂၂

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့သွားခဲ့သည်ဟု သတင်းရရှိသည်။

ယနေ့ အောက်တိုဘာ ၁၃ ရက် ညနေ ၅ နာရီကျော်အချိန်တွင် ဖားဝပ်ချောင်းကျေးရွာသို့ စစ်ကောင်စီတပ်သားများဝင်ရောက်လာပြီး ရွာသားများကိုဘုန်းကြီးကျောင်းသို့သွားခိုင်းပြီးနောက် ရွာထဲမှ မီးခိုးများထွက်လာသည်ကို မြင်ခဲ့ရကြောင်း ဒေသခံတစ်ဦးကပြောသည်။

"စစ်ကောင်စီတပ်သားတွေက သူတို့ ရွာထဲဝင်လာပြီး ရွာသားတွေကို အကုန်လုံး ဘုန်းတော်ကြီးကျောင်းကို သွားခိုင်းပါတယ်။ ကျောင်းကိုရောက်ပြီးမကြာဘူး။ မီးခိုးတွေ ထွက်လာတာမြင်ရပါတယ်"ဟု ပြောသည်။

မီးရှို့ခံရသည့်နေအိမ်မှာ ရွာပြင်ပိုင်းမှနေအိမ်နှစ်လုံးဖြစ်ပြီး မည်သူ၏နေအိမ်ဖြစ်သည်ကို အတိအကျမသိရသေးကြောင်း နောက်ထပ်ဒေသခံတစ်ဦက ပြောသည်။

"ရွာပြင်စက အိမ်နှစ်လုံးကို မီးရှို့ခဲ့ကြပါတယ်။ ဘယ်သူ့အိမ်အရှို့ခံရလည်း မသိရသေးပါဘူး အခုကြောက်ပြီး ရွာသားတွေဘယ်သူမှ မသွားရဲဘူးဟု ပြောသည်။

ရွာသချိုင်းကုန်းဘက်ကလည်း ပေါက်ကွဲသံတစ်ခုကြားရကြောင်း၊  လက်ရှိတွင် စစ်သားများရွာထဲတွင် ရှိ/ မရှိကို မသိရသေးသလို ယခုလို မီးရှို့ခံရ၍ ကျေးရွာသားများအနေဖြင့် အထူးစိုးရိမ်နေကြောင်း သိရသည်။

ဆက်စပ် သတင်းများ