စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

အမ်းမြို့နယ်မှဒေသခံတစ်ဦး စစ်ကောင်စီက သေနတ်ပစ်ခတ်ဖမ်းဆီးပြီးနောက် ညှဉ်းပမ်းနှိပ်စက်ခံရ၍ သေဆုံးသွားခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 10.1k

နိရဉ္စရာ၊ အောက်တိုဘာ ၁၅/၂၀၂၂

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တောင်မော်ကျေးရွာမှဒေသခံတစ်ဦးကို  စစ်ကောင်စီတပ်ကသေနတ်ပစ်ခတ်ဖမ်းဆီးပြီးနောက် ညှဉ်းပမ်းနှိပ်စက်ခံရ၍  သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ဦးမျိုးမြင့်ဇော် (ခ) ဦးဗြားကြီး (၄၀) နှစ်ဖြစ်သည်။

ယမန်နေ့ အောက်တိုဘာ ၁၄ ရက်နေ့ နံနက်ပိုင်း ၈ နာရီခွဲတွင် စွေ့ချောင်းဗျူဟာကုန်းမှ ဗိုလ်ကြီးဝင်းသူအောင်ကားနှင့် စစ်ကောင်စီတပ်သား ၅ ဦးက တောင်မော်ကျေးရွာထဲသို့ ကားတစ်စီးဖြင့် ဝင်ရောက်လာကာ ပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် ညှဉ်းပမ်းနှိပ်စက်မှုကြောင့်သေဆုံးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"သူတည်းခိုနေတဲ့ တောင်မော်ကျေးရွာက ဦးမောင်သန်းချေအိမ်ကို လာပြီး ဖမ်းတာပါ။ စစ်သားတွေကားပေါ်က ဆင်းလာတာမြင်တော့ သူက ထွက်ပြေးတာကို သေနတ်နဲ့လိုက်ပစ်ဖမ်းတာပါ။ ကျည်က လက်မောင်းမှာထိတာပါ။ ခြေထောက်မှာနည်းနည်းထိတယ်။  သေလောက်တဲ့ ဒဏ်ရာတော့မဟုတ်ဘူး။ ဆေးကုရင်တော့ရတယ်။ ကဇူးကိုင်းတပ်ကို ယူသွားပြီး ဟိုရောက်တော့ ဆေးမကုဘဲ ထပ်ညှဉ်းပမ်းနှိပ်စက်တော့ သေဆုံးသွားတယ်လို့ သတင်းရပါတယ်"ဟု ပြောသည်။ 

သေနတ်ပစ်ခတ်ဖမ်းဆီးခံရမှုကြောင့် သေဆုံးသွားသူမှာ ဦးမျိုးမြင့်ဇော်သည် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ( ULA) ၏ ဒုတိုက်နယ် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သည်ဟု သတင်းထွက်နေသော်လည်း အေအေပြောခွင့်ရသူ ဦးခိုင်သုခကို မေးမြန်းနေဆဲဖြစ်၍ နိရဉ္စရာသတင်းဌာန အနေဖြင့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ဦးမျိုးမြင့်ဇော်သည် ပစ်ခတ်ခံရပြီးနောက်ပိုင်း ကဇကိုင်းစစ်ဆေးရေးဂိတ်သို့ ပို့ဆောင်ခံရပြီး ယင်းနေရာသို့ အရောက်တွင် နှိပ်စက်ခံရပြီး သေဆုံးသွားခဲ့သည်ဟု ြောသည်။ 

"အဲ့လိုပစ်ဖမ်းပြီးတော့ ဒေသခံရွာသားနှစ်ယောက်နဲ့ ဦးပေချောင်းတံတားမှာအလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို စစ်တပ်က ကဇကိုင်းစစ်ဆေးရေးဂိတ်ထိ ထမ်းပို့ခိုင်းတယ်။ ေနတ်နဲ့မပို့ပေးရင်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပြီး ခိုင်းပါတယ်။ အဖမ်းခံရသူက ခုခံတာလည်း မဟုတ်ဘူး တကယ်ဆို ဆေးကုသပေးသင့်တယ်လို့မြင်တယ်။ လက်မောင်းကျည်ထိရုံနဲ့ သေလောက် စရာမရှိဘူး။ သေသွားတဲ့အလောင်းကို စွေ့ချောင်းဗျူဟာကို စစ်သားတွေ ယူသွားလို့ အလောင်းကိုလည်း မရပါဘူး"ဟု ပြောသည်။

ဖမ်းဆီးခံရပြီးနောက် ယမန်နေ့ ညနေ ၃ နာရီ ၄၇ မိနစ်အချိန်တွင် သေဆုံးသွားပြီး အလောင်းကို စွေချောင်း စစ်ဗျူဟာသို့ ယူဆောင်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

 

 

(NN-7)

ဆက်စပ် သတင်းများ