စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းမှ စစ်သား ၉ ဦး လက်နက်မဲ့ ထွက်ပြေးသွ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 5k

နိရဥ္စရာ၊ အောက်တိုဘာ ၁၈/၂၀၂၂

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှ စစ်ကောက်စီတပ်ဖွဲ့ဝင် ၉ ဦးသည် တပ်ထဲမှ လက်နက်မဲ့ထွက်ပြေးသွားကြသည်ဟု စစ်တပ်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

သူတို့ ၉ ဦးထွက်ပြေးသွားကြသည်ကို ယနေ့ အောက်တိုဘာလ ၁၈ ရက် နံနက်တွင် တပ်အတွင်းစစ်ဆေးမှုပြုပြီးမှသာ သိကြရခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

"မနက်က သူတို့ လူစစ်ဆေးတော့ သူတို့ ၉ ယောက်မရှိတော့ဘူးတဲ့။ ဘယ်ကို ထွက်ပြေးသွားကြလဲ မသိဘူး။ ဘယ်အချိန်ကနေ ထွက်ပြေးသွားကြလဲလည်း မသိဘူး"ဟု ပြောသည်။

ထွက်ပြေးသွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသည်  ခမရ ၅၅၀ တပ်တွင် မကြာသေးခင်က အသစ်တာဝန်ကျလာသည့် တပ်ဖွဲ့ဝင်များဟု ယူဆရပြီး လက်နက်ခဲယမ်း များကိုလည်း ယူဆောင်သွားခြင်းမရှိဟု သူက ဆက်ပြောသည်။

ထွက်ပြေးသွားကြသည့်တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက်များနှင့် အနီးနားကျေးရွာများတွင် ပိုက်စိပ်တိုက်ရှာဖွေနေကြသည်ဟုလည်း မြို့ခံများက ပြောသည်။

 

အဆိုပါ တပ်ထဲမှ ထွက်ပြေးသူများကိစ္စနှင့် ပတ်သက်ပြီးအတည်ပြုချက်ရယူနိုင်ရန်  ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရသို့  ဖုန်းဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်း မရှိပါ။

ရက္ခိုင့်တပ်တော်(AA)ပြောခွင့်ရသူ ဦးခိုင်သုခက ယခုနှစ်အတွင်း ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် AA ထံသို့ ထွက်ပြေးခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေ ရာနှင့်ချီ ရှိနေပြီး ဆက်လက်ခိုလှုံမည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ရှိနေဆဲဖြစ်သည်ဟု မီဒီယာများကို ပြောဆိုထားသည်။

ဆက်စပ် သတင်းများ