စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် လက်နက်ကြီးကျည်စထိမှန်၍ မူဆလင်ကျေးရွာသားတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 919


နိရဥ္စရာ၊ အောက်တိုဘာ ၁၈/၂၀၂၂

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် လက်နက်ကြီးကျည်ထိမှန်၍ မူဆလင်ကျေးရွာသားတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

 

ထိခိုက်ဒဏ်ရာရရှိသွားသူမှာ ဘူးသီးတောင်မြို့ နယ်၊ စိမ်းညှင်းပြားကျေးရွာအုပ်စု၊ ဒိုင်းနက်ပြင် ကျေးရွာမှ အသက်(၄၂)နှစ်အရွယ် မာမတ်အီနုရ်ဖြစ်သည်ဟုသိရသည်။

 

သူသည်ယနေ့အောက်တိုဘာ ၁၈ရက် နံနက်  ၁၁နာရီခန့်၌ သူ၏ကွင်းခင်းသို့ရောက်ရှိနေစဥ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

 

"သူက ကွမ်းခင်းထဲက ကွမ်းခူးဖို့သွားတာလို့ သိရတယ်။ အဲ့ဒါ စစ်တပ်ကလှမ်းပစ်တဲ့ ကျည်ထိပြီး ထိခိုက်ဒဏ်ရာရသွားတာပါ။ စိမ်းညှင်းပြားရွာ ဘက်မှာတော့ ၅၅၁တပ်ရင်းပဲရှိတယ်။ အဲ့ဒီတပ်က လှမ်းပစ်တာ။ ဝမ်းဗိုက်နဲ့ ညာဘက်လက်မောင်းမှာထိတယ်။ ပြီးတော့ ပေါင်မှာလည်း ဒဏ်ရာရတယ်" ဟု စိမ်းညှင်းပြားကျေးရွာမှ ဒေသခံတစ် ဦးက ပြောသည်။

 

လက်နက်ကြီးကျည်ထိ၍ ထိခိုက်ဒဏ်ရာရရှိသွားသည့် မာမတ်အီနုရ်ကို ကွမ်းခင်းမှ ရွာသူရွာသားများက သွားရောက်ယူဆောင်ခဲ့ပြီး စိမ်းညှင်းပြားကျေးရွာ စာသင်ကျောင်းမှတစ်ဆင့် စိုးရိမ်ရသည့် အခြေအနေဖြစ်၍ ဘူးသီးတောင်ပြည်သူ့ဆေးရုံကို ဆက်လက်ပို့ဆောင်ခဲ့ပြီးနောက်ပိုင်း ၎င်းဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်ဟု ၎င်းက ပြောသည်။

 

ယမန်နေ့ကလည်း မင်းပြားနှင့် ကျောက်တော်မြို့နယ်တွင် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီး ၄ ဦးသေဆုံးကာ ၅ နှစ်အောက် ကလေးငယ် ၂ ဦး အပါအဝင်  ၉ ဦးဒဏ်ရာရရှိခဲ့သည်။  (NN-12)

ဆက်စပ် သတင်းများ