စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

တောင်ကုတ်မှ သွားဆရာဝန်ကို ယနေ့ရုံးထုတ်၊ နိုဝင်ဘာလ ၄ရက်နေ့ ရုံးပြန်ချိန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 378

နိရဉ္စရာ၊ အောက်တိုဘာ ၂၁၊ ၂၀၂၂

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် စစ်တပ်ကဖမ်းဆီးခြင်းခံရသည့် သွားဆရာဝန် ဒေါက်တာကျော်သူရထွန်းကို ယနေ့ရုံးထုတ်ပြီး နောက်လ နိုဝင်ဘာ ၄ရက်နေ့ကို ရုံးပြန်ချိန်းလိုက်သည်ဟု သတင်းရရှိသည်။

 

ဒေါက်တာကျော်သူရထွန်းကို တောင်ကုတ်မြို့မရဲစခန်း၌ စစ်တပ်က ဖမ်းဆီးထားခြင်းဖြစ်ပြီး

ယနေ့အောက်တိုဘာလ ၂၁ရက်နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံး ၌ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည်ဟု သိရသည်။

 

"ရုံးထုတ်တာက ဒီနေ့ပထမဆုံးအကြိမ် ရုံးထုတ်တာပါ။ ရုံးထုတ်တယ်ဆိုပေမယ် အခြေအနေက ဘာမှမထူးပါဘူး။ ရှေ့နေ့ငှားထားပါတယ်။ ရုံးထုတ်ပြီး နောက်လ ၄ရက်နေ့ကို ရုံးပြန်ချိန်းတာပါ" ဟု ဒေါက်တာကျော်သူရထွန်း၏ ဇနီးဖြစ်သူမမို့မို့ဝါက ပြောသည်။

 

ဒေါက်တာကျော်သူရထွန်းကို ပြီးခဲ့သည့် စက်တင်ဘာလ( ၆) ရက်နေ့က ရက္ခိုင့်တပ်တော် (အေအေ)နှင့် ဆက်စပ်သည့် စွပ်စွဲချက်ဖြင့် တောင်ကုတ်မြို့ ဆေးရုံကွက်သစ် (၁)လမ်းထဲမှ အရပ်ဝတ် စစ်သားများက  ဆိုင်ကယ်များ၊ ကားများဖြင့် ဖမ်းဆီးသွားခဲ့ခြင်းသည်။

 

 ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က ဒေါက်တာကျော်သူရထွန်းကို ရုံးထုတ်ကာ  မတရား အသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။(NN-12)

ဆက်စပ် သတင်းများ