စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့တွင် နောက်ထပ်အရပ်သား ၃ ဦးထပ်မံဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7.3k

နိရဉ္စရာ ၊အောက်တိုဘာ၂၁/၂၀၂၂

ကျောက်ဖြူမြို့၊ ရပ်ကွက်() ခုမှ  ဒေသခံလူ () ဦးကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

 

အဆိုပါဖမ်းဆီးခံရသူများမှာ တိုးချဲ့ရပ်ကွက်မှ ကိုစံထွန်း(၃၂)နှစ်၊ ဦးအောင်လင်း(၄၅)နှစ်နှင့် အစိုးရရပ်ကွက်မှ ကိုကျော်မင်းထွန်း (၃၈) နှစ်တို့ဖြစ်ကြောင်းသိရသည်။

 

ဦးအောင်လင်းနှင့် ကိုကျော်မင်းထွန်းတို့ကို အောက်တိုဘာလ ၂၀ ရက်နေ့က နေအိမ်အသီးသီးမှ ဖမ်းဆီးပြီး  ကျောက်ဖြူအခြေစိုက် ခလရ ၃၄ တပ်ရင်းသို့ ခေါ်ဆောက်သွားသည်ဟု သိရသည်။

 

ကျောက်ဖြူမြို့ခံတစ်ဦးက '' အိမ်တွေကို အင်အားအများနဲ့ ဝိုင်းဖမ်းတာပြောကြတယ်။ ကျောက်ဖြူမှာက စစ်တပ်က လူဖမ်းပွဲလုပ်နေတာလေ။ အဓိက ဦးဆောင်တာက  (၃၄ )တပ်ရင်းက ဗိုလ်မှူးထက်အောင်ကျော်ဦးဆောင်လုပ်နေတာ။ ညဖက်တွေဆို ဧည့်စာရင်းလာစစ်တယ်ဆိုပြီး ဖမ်းတာ။ ခနဆိုပြီးခေါ်သွားတယ်။ ပြီးရင်ပြန်မလွှတ်တော့ဘူး'' ဟု နိရဉ္စရာ သို့ပြောသည်။

 

ကိုစံထွန်းကို အောက်တိုဘာလ ၁၉ ရက်နေ့ကတည်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးလက်ရှိအချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်းသိရသည်။

 

''  ဒီလ ၁၉ ရက်နေ့ကတည်း ဖမ်းသွားတာ။ အခုထိတော့ ဘာဖြစ်နေတယ်မသိသေးဘူး။ လောလောဆယ် ၃၄ တပ်ရင်းထဲ စစ်နေတယ်လို့ ကြားတယ်။ ဘာမှ မဖြစ်ပါစေနဲ့ဆုတောင်းရမှာပဲ'' ဟု တိုးချဲ့ ရပ်ကွက်တွင်နေထိုင်သူ တစ်ဦးက ဆိုသည်။

 

 

အဆိုပါဖမ်းဆီးခံရမှုများနှင့်ပတ်သက်၍ ကျောက်ဖြူ မြို့တိုးချဲ့ရပ်ကွက်နှင့် အစိုးရရပ်ကွက် အုပ်ချုပ်ရေးမှူးများကိုမေးမြန်းရာ ၄င်းတို့အနေဖြင့်မသိရကြောင်းသာ ဖြေကြားသည်။

 

 

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက အနည်းဆုံး လူ ၃၀ ခန့်ကို အေအေနှင့် ဆပ်စပ်သံသယဖြင့် ဖမ်းဆီးထားပြီး ယင်းအထဲက တချို့ကိုအကြမ်းဖက်ပုဒ်မများတပ်ကာ တရားစွဲဆိုထားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ