- Web Master
- ၂၁ စက်တင်ဘာ ၂၀၂၄
နိရဥ္စရာ၊
နိုဝင်ဘာ ၄/ ၂၀၂၂
ရခိုင်ပြည်နယ်၊
ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်အတွင်းမှ စစ်ဇက်
ဒဏ်ရာအပြင်းအထန်
ရရှိခဲ့သူများမှာ ကျောက်တော်မြို့နယ်
ရွှေပြည်ရွာသစ်ကျေးရွာမှ တစ်အိမ်တည်းနေ ဦးမောင်တူ (၈၀ နှစ်)၊ သူ၏မြေးဖြစ်သူ ကိုနိုင်နိုင်ဦး
(၃၁ နှစ်)၊ ကိုနိုင်နိုင်ဦး၏ဇနီး ဒေါ်ခိုင်ခိုင်မိုး (၃၂ နှစ်)၊
ဘေးနားအိမ်မှ မမိုးမိုးရီ (၂၂ နှစ်)နှင့် မြင်းကပ်ကျေးရွာမှ
ရွာခံ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၅ ဦး တို့ဖြစ်ကြသည်။
ရွှေပြည်ရွာသစ်ကျေးရွာနှင့်
မြင်းကပ်ကျေးရွာထဲသို့ ယနေ့ နိုဝင်ဘာလ ၄ ရက် နံနက် ၁၀ နာရီကျော်တွင်
လက်နက်ကြီးကျည်များကျရောက်ပေါက်
"အဖိုးဦးမောင်သူကတော့ အခြေအနေမကောင်းဘူး။
ဒဏ်ရာတော်တော်ပြင်းတယ်။ ကျန်တဲ့သူတွေမှာတော့ ကျောကုန်း၊ လက်၊ ခြေတွေမှာ ဒဏ်ရာရတယ်။
ဆေးရုံပို့ဖို့ အခု နာရေးကားတွေခေါ်ထားတယ်"ဟု ပြောသည်။
လက်နက်ကြီးကျည်ထိမှန်မှုကြောင့်
ဦးမောင်သူ၏ ဦးခေါင်းနှင့် နားထင်ပေါက်ထွက်သွားပြီး သူ၏မြေးဖြစ်သူ ကိုနိုင်နိုင်ဦးတွင် ဘယ်ဘက်ပေါင်၌
ထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။
အလားတူ ကိုနိုင်နိုင်ဦး၏ဇနီး ဒေါ်ခိုင်ခိုင်မိုးတွင် ကျောကုန်းနှင့်
လက်တို့တွင် ထိခိုက်ခဲ့ပြီး ဘေးနားအိမ်မှ
မမိုးမိုးရီတွင် ညာဘက်ခြေထောက်၏ ခြေမျက်စိပျက်စီးသွားခဲ့သည်ဟု ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့
မြင်းကပ်ရွာမှ
အမျိုးသမီးတွင် ဘယ်ဘက်လက်မောင်း၌ ထိခိုက်ခဲ့သည်ဟု သိရသည်။
စစ်တွေဘက်မှ ကုလားတန်မြစ်အတိုင်းတက်လာသည့် အဆိုပါ
စစ်ဇက်ရေယာဥ်များကို AA တပ်ဖွဲ့ဝင်များက
ကျောက်တော်မြို့အရှေ့ဘက်ကမ်းရှိ သကြားစက် မော်ထောက်အနီးတွင်
ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင်စတင်တိုက်ခိုက်ခဲ့
ယင်းသို့တိုက်ခိုက်ခံရ၍ စစ်ဇက်ရေယာဥ်များဘက်ကလည်း လက်နက်ကြီး၊
လက်နက်ငယ်များဖြင့် အနီးအနားဝန်းကျင်သို့
ရမ်းသမ်းပစ်ခတ်နေ၍ ယခုကဲ့သို့ အပြစ်မဲ့ဒေသခံရွာသားများ
ထိခိုက်မှုရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက
"သူတို့က ကျောက်တော် စကခ (၉)တပ်မကိုလာတာ။ အဲဒီမှာ တိုက်ခိုက်ခံရလို့ သူတို့က
အဲဒီကနေ ဖြိုပစ်နေတာ"ဟု ပြောသည်။
အဆိုပါ
စစ်ဇက်ရေယာဥ် ၂ စီးပေါ်တွင် ရိက္ခာများနှင့်
စစ်ကောင်စီတပ်ဖွဲ့ဝင်များပါရှိ
ပြီးခဲ့သည့်
စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းကလည်း
စကခ(၉)တပ်မအနီး ကုလားတန်မြစ်တွင် ရပ်နားထားသည့် စစ်ဇက်ရေယာဉ် ၂ စီးသည် AA ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့်အတွက်
စခက(၉)က လူနေကျေးရွာများသို့
လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယင်းသို့ပစ်ခတ်ခဲ့မှုကြောင့် နဂရာကျေးရွာမှ ရွာသားအချိို့
လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ရပြီး
အနီးအနားကျေးရွာအချို့မှ
ရွာသားအချို့လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်။