စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

မောင်တော ဂြစ်ချောင်းကျေးရွာတွင်ကျရောက်သော လက်နက်ကြီးကျည်မှာ AA မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏စွပ်စွဲချက်မှာ လုပ်ရိုးလုပ်စဉ်ပြောနေကျစကားသာဖြစ်ကြောင်း ရခိုင်လွှတ်တော်အမတ်ဟောင်းတစ်ဦးဝေဖန်ပြောကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2.5k

 

နိရဉ္စရာ၊ နိုဝင်ဘာ ၁၈/၂၀၂၂


ယနေ့ထုတ် စစ်ကောင်စီ မီဒီယာ မြန်မာ့အလင်းသတင်းစာတွင် မောင်တောမြို့နယ် မြောက်ပိုင်း ဂြစ်ချောင်းကျေးရွာကို ကျရောက်သည့် လက်နက်ကြီးကျည်များမှာ အေအေအဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ဖြစ်ကြောင်း စွပ်စွဲရေးသားထားသည်။

 

အဆိုရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေအမြင်ကို ဆက်သွယ်မေးမြန်းရာ ၎င်းမှာ စစ်ကောင်စီအနေဖြင့် သူတို့လုပ်ရပ်ကိုဖုံးကွယ်ရန် အတွက် လုပ်ရိုးလုပ်စဉ် ြောနေကျ စကားသာဖြစ်ကြောင်း ပြောဆိုသည်။

 

ဒါက သူတို့ပြောတိုင်းလည်းဖြစ်မှာလား ဒေသခံတွေက အသိဆုံးပါ။ သူတို့မှာကကိုယ်လုပ်ပြီး အဲလို တစ်ဖက်အဖွဲ့ကို စွပ်စွဲနေကျ စကားပါ။ အရင်ကလည်း ဘူးသီးတောင်မြို့နယ် စည်တောငမှာ အရပ်သားတွေကို သတ်ပစ်ခဲ့တယ်။ ရသေ့တောင် ကျောက်တန်းမှာလည်း ဖြစ်ခဲ့တယ်။ အခုဆိုရင် ပုဏ္ဏားကျွန်း ဆင်အင်းကြီးမှာလည်း အဖွားအရွယ်တွေကအစ သတ်ပစ်ခဲ့တယ်။ နောက်ပြီး ဗမာပြည်ဘက်တွေမှာလည်း အလားတူဖြစ်ရပ်တွေ ဖြစ်နေတယ်။ အရင်လည်း စစ်တပ်က အဲလိုလုပ်ခဲ့တယ်။ အခုလည်း လုပ်တယ်။ သူတို့လုပ်ပြီး သူတို့ ပြောချင်တာ ပြောနေတာပါ။ သိပ်ပြီး အလေးထားစရာမလိုဘူး။ ဒေသခံတွေက အသိဆုံးပါ။ သူတို့လုပ်ရပ်ကို ဖုံးကွယ်လိုတဲ့ အတွက်  လုပ်ရိုးလုပ်စဉ်ြောနေကျစကားအတိုင်း ပြောတာသာဖြစ်ပါတယ် ဟု ပြောဆိုသည်။

 

လွန်ခဲ့သည့် နိုဝင်ဘာ ၁၆ ရက် နေ့လယ်က ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း ဂြစ်ချောင်းကျေးရွာ (စစ်ကောင်စီအခေါ်  လောင်းဒုံ (မြို) ကျေးရွာ)အတွင်းသို့ ကလေးငယ်တစ်ဦး နားထိုးပွဲလုပ်နေစဉ် လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့၍  အသက် ၁၀ နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် ၁၂ ယောက်သေဆုံးပြီး ရွာသား ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

 

အဆိုပါ ပစ်ခတ်မှုကို ကြိမ်ချောင်းနယ်ခြားစောင့်စခန်း နခခ(၇)က ပြုလုပ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံ ကျေးရွာသားများကိုယ်တိုင် ပြောဆိုထားသလို ရက္ခိုင့်တပ်တော် (AA) ကလည်း ကြေညာချက်ထုတ်ပြန်ပြီး စစ်ကောင်စီ၏ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချခဲ့သည်။ 

 

၎င်းနောက်ပိုင်း ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့စွဲဖြင့် ထုတ်ဝေသည့် စစ်ကောင်စီ မြန်မာ့အလင်း သတင်စာတွင် “AA အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ အပါအဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ၂၄ ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း ခေါင်းစဉ်ဖြင့် သတင်းရေးသား ဖော်ပြထားသည်။

 

၎င်းသတင်းတွင် “AA အဖွဲ့ဆင်ခြင်တုံးကင်းမဲ့စွာ ပစ်ခတ်တိုက်ခိုက်မှုကြောင်း လောင်းဒုံ(မြို)ကျေးရွာသို့ ကျရောက်ပေါက်ကွဲ ခဲ့သည့် လက်နက်ကြီးကျည် သုံးလုံးသည် ယင်းကျေးရွာနေ ဦးဆော်မလုံ၏သား အမည်ပေးကင်းပွန်းတပ်ပွဲ ကျင်းပနေသည့် နေအိမ်အနီးသို့ ကျရောက်ပေါက်ကွဲသဖြင့် အသက် (၅) နှစ်အရွယ် ကလေးတစ်ဦးနှင့် အ သက် (၆) နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသားကိုးဦး အမျိုးသမီးတစ်ဦး စုစုပေါင်း ၁၀ ဦးသေဆုံး ခဲ့ပြီး အမျိုး သား ၂၁ ဦးနှင့် အမျိုးသမီး ၃ ဦးလက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

အမည်မဖော်လိုသည့် မောင်တောဒေသခံ တစ်ဦးမှလည်း ယနေ့ သတင်းစာတွင် ဖော်ပြထားချက်မှာ စစ်ကောင်စီမှ အခြေအမြစ်မရှိ စွပ်စွဲ ရေးသားမှုသာဖြစ်ကြောင်းပြောဆိုပြီး ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ အလွန်ပြင်းထန်ပြီး ၆၀ မမ ဗုံးသီးထက် အားပြင်းကြောင်း ပြောကြားည်။


အားလုံးသိနေတဲ့ ကိစ္စပါ။ သူတို့လုပ်တာကို အကုန်လုံးသိပါတယ်။  သူတို့ပြောျင်တာ လျှောက်ပြောနေတာပါ။ AA မှာဒီလို လက်နက်ကြီးတွေသာရှိရင် လူနေရွာတွေကိုပစ်ပြီး ဖြုန်းတီးပစ်မဲ့အစား စစ်ကောင်စီ စခန်းတွေကိုဘဲ ပစ်မှာပေါ့။ ဘာကြောင် ကိုယ်လူမျိုးရွာတွေကို ပစ်ရမှာလ စစ်ကောင်စီက သူတို့ပစ်လို့ လူတွေအစုလိုက် အပြုံလိုက် သေသွားတော့ စစ်ရာဇဝတ် သင့်မှာကို စိုးရိမ်ပြီး လိပ်ပြာမလုံ လျှောက်ရမ်း ရမ်းပြီးပြောနေတာပါ”   ဟု ပြောဆိုသည်။

 

မြန်မာစစ်တပ်သည် ရခိုင်တွင် ဖြစ်ပွားသည့် စစ်ပွဲများတွင် အထိနာနေသဖြင့် လက်နက်ကြီးများဖြင့် လူနေကျေးရွာကို ပစ်ခတ်ခြင်း၊ လေယာဉ်ပျံ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ နောက်ဆုံး ဒရုန်းများကိုပါ အသုံးပြုပြီးတိုက်ခိုက်မှုများကို ပြုလုပ်လာသည်ကို ရခိုင်ပြည်သူများ နေ့စဉ်လိုလိုကြုံတွေ့နေရသည်။ ၎င်းပြင် ကျေးရွာများအတွင်းသို့ စစ်ကြောင်းများ ဝင်ရောက်လာလျှင်လည်း အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဥစ္စာစည်းစိမ်များကို လုယက် ဖျက်ဆီးခြင်း၊ ကြက်နှင့် ဝက်ကအစ အိမ်မွေးတိရစ္ဆာန်များကို ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ အတင်းအဓမ္မသတ်ဖြတ်စားသောက်ခြင်းများကို ပြုလုပ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

 

ထိုသို့ ပြုလုပ်နေမှုအပေါ် ရက္ခိုင့်တပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခက ရခိုင်လူမျိုးများအပေါ် မြန်မာစစ်တပ်က လူမျိုးရေးအရ အငြိုးအတေးဖြင့် ပြုလုပ်နေခြင်းသာဖြစ်ကြောင်း များမကြာမီက နိရဉ္စရာသတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးမေးမြန်းခန်းတွင် ဖြေဆိုထားသည်။

 

(နိရဉ္စရာသတင်းများကို အောက်ပါလင့်များတွင်လည်း ဖတ်ရှုနိုင်သည်။)

 

 

အင်္ဂလိပ်သတင်း  ဝက်ဆိုက်- www.narinjara.com

မြန်မာသတင်း ဝက်ဆိုက် - https://burmese.narinjara.com/

သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/

ရုပ်သံသတင်း - https://www.facebook.com/Narinjara-TV-News-100125495251215/

ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

တွစ်တာ-https://twitter.com/NarinjaraN

ဆက်စပ် သတင်းများ