စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

အပစ်ရပ်၍တိုက်ပွဲများမရှိတော့သော်လည်း စစ်ကောင်စီက ရခိုင်ကရေလမ်း/ကုန်းလမ်းအများစုကိုဆက်လက်ပိတ်ပင်ထားဆဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2.9k

နိရဥ္စရာ၊ နိုဝင်ဘာ ၂၈/၂၀၂၂

က္ခိုင့်တပ်တော် ( AA) နှင့် မြန်မာစစ်ကောင်စီတို့အကြား အလွတ်သဘော အပစ်အခတ် ရပ်စဲလိုက်ပြီဖြစ်သဖြင့် ရခိုင်တွင် တိုက်ပွဲများမရှိတော့သော်လည်း စစ်ကောင်စီက ေလမ်း/ကုန်းလမ်းအများအပြားကို (၃) ရက်ကြာသည်အထိ  ပြန်ဖွင့်ပေးခြင်းမရှိဘဲ ဆက်လက်ပိတ်ပင်ထားသည်ဟု  တင်းရရှိသည်။

ယနေ့ နိုဝင်ဘာ (၂၈) ရက်နေ့တွင် စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်ကို ပြေးဆွဲနေသည့် မေယုမြစ် ရေလမ်းကြောင်းနှင့် အငူမော်-မောင်တော ကားလမ်းမှာ ပြန်လည်သွားလာခွင်ရပြီဖြစ်သော်လည်း ပိတ်ထားသည့် တခြားရေလမ်း နှင့် ကုန်းလမ်းများအား ပြန်ဖွင့်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

"အပစ်အခတ် ရပ်စဲလိုက်တဲ့အခါကျတော့ ပိတ်ထားတဲ့လမ်းတွေလည်း ပြန်ဖွင့်တော့မှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့လေ။ ကားပြန်ဆွဲဖို့အတွက် ဝမ်းသာအားရနဲ့ အားယူတာပေါ့။ ဒါပေမယ့် ဒီမနက်က တပ်ထိန်းဂိတ်ကိုသွားမေးတဲ့အခါကျတော့ လမ်းပြန် မဖွင့်သေးဘူးလို့ပဲ ပြောပါတယ်။ ဘယ်တော့ ပြန်ဖွင့်မလဲလည်း မသိခဲ့ရပါဘူး"ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။ 

ယနေ့ နံနက်ထိ စစ်တွေမြို့နှင့် ရန်ကုန်အပါအဝင် နယ်မြို့များကို ဆက်သွယ်ထားသည့် ကားလမ်းပေါ်ရှိ စစ်တွေ တပ်ထိန်းဂိတ်ကို ပြန်လည်ဖွင့်လှစ်မရှိသေးကြောင်း ၎င်းကားသမားက ပြောသည်။ 

စစ်တွေ-ပုဏ္ဏားကျွန်း-ကျောက်တော် ရသေ့တောင်-ပုဏ္ဏားကျွန်း- စစ်တွေ၊ မင်းပြား-မြေပုံ ကုန်းလမ်းပိုင်း နှင့် တခြား ရခိုင်မြောက်ပိုင်းမှ ရေလမ်းများအားဆက်လက် ပိတ်ဆို့ခံနေရဆဲဖြစ်သည်။ 

စစ်ရေးအကြောင်းပြကာ ပိတ်ထားသည့် ကုန်းလမ်း၊ ရေလမ်းများကို လက်ရှိ အပစ်အခတ်ရပ်စဲလိုက်ပြီဖြစ်သဖြင့် ပြန်ဖွင့်ပေးသင့်ပြီဖြစ်ကြောင်း ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။ 

"ကျနော်တို့အနေနဲ့ကတော့ အပစ်အခတ်ရပ်စဲလိုက်တဲ့အတွက် စစ်ရေးကြောင့်ပိတ်ထားခံရတဲ့ ဒီလမ်းတွေဟာ ပုံမှန် ပြန်ဖွင့်ပေးသင့်ပြီလို့ထင်တယ်။ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အကုန်လုံး ပြည်သူတွေမှာ ထိခိုက်ပါတယ်။ အခုလို ပိတ်ထားတဲ့ အခါကျတော့ ကုန်စျေးတွေလည်း တအားတက်ပြီး  မဖြစ်မနေသွားလာဖို့လိုတဲ့အခါမှာလည်း နီးတဲ့ ခရီးကိုတောင် ကွေ့ပတ်ပြီး ပင်ပန်းဒုက္ခရောက်ပြီး အဝေးကြီးသွားရတယ်။ ဆေးရုံဆေးခန်းပုံမှန်သွားရတဲ့လူတွေအတွက်ဆို ပိုဆိုးပြီပေါ့"ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်သူများအဓိက သွားလာနေသည့် ကားလမ်းပေါ်ရှိ  စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ မင်းပြားစသည့် မြို့များ၏ စစ်ဆေးရေးဂိတ်များတွင်လည်း ယခင်အတိုင်း စစ်ဆေးမှုများတင်းကျပ်ဆဲဖြစ်ပြီး သွားလာခွင့်များ ကန့်သတ်ထားဆဲဟု သိရသည်။ 

စစ်တွေ-ဘူးသီးတောင် မေယုမြစ် ရေလမ်းကြောင်းကို ယနေ့ ဖွင့်လှစ်ပေးခဲ့သော်လည်း ပြည်သူများအကျိုးထက် စစ်ကောင်စီတပ်၏ အကျိုးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေဒေသခံတစ်ဦးက ဝေဖန် ထောက်ပြပြောဆိုသည်။

ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေအကြား ဆက်သွယ်ရေးလမ်းတွေပိတ်ထားခဲ့တော့ ပြည်သူတွေ ထိခိုက်နစ်နာသလို စစ်တပ်က ပိုပြီးထိခိုက်နစ်တယ်။ သူတို့လည်း သွားလာလို့မရဘူး။ အဆက်အသွယ် ပြတ်တောက်တော့ ရိက္ခာတွေရရှိဖို့ခက်ခဲလာတယ်။ သူတို့လည်း အဆက်အသွယ်တွေ ပြတ်တောက်သွားတယ်။ ဒီလမ်းကိုသူတို့က ဦးစားပေးဖွင့်လှစ်ပေးတာက  ပြည်သူတွေ အကျိုးထက် သူတို့အကျိုးကို ရည်ရွယ်ပြီးဖွင့်ပေးတာ။ ပြည်သူကတော့ ကျွဲကူးရေပါ သဘောမျိုးပါဟု ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်းများကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကစကာ ဆက်တိုက် တစ်မြို့ပြီးတစ်မြို့ သွားလာခွင့်များပိတ်ထားခဲ့ပြီး အောက်တိုဘာလ ၁၈ ရက်နေ့ကစကာ  ရခိုင်မြောက်ပိုင်းဒေသတွင်းပြေးဆွဲနေသည့်  ရေယာဉ်လိုင်းများ နှင့် အရပ်သားစက်လှေသွားလာခွင့်များကိုပါ ပိတ်ပင်လိုက်ပြီး စက်လှေများကို ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။(NN-7)

ဆက်စပ် သတင်းများ