တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံ “ငြိမ်းချမ်းရေးနှင့် လူမှုသဟဇာတ”ဆု ချီးမြှင့်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 4.2k

နိရဥ္စရာ၊ မတ် / ၂၀၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အခြေစိုက် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံသည် ငြိမ်းချမ်းရေးနှင့် လူမှုသဟဇာတဆုကို ချီးမြှင့်ခံရသည်ဟု သိရသည်။

အဆိုပါဆုကို အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်အခြေစိုက် (Civil Right Movement for Burma) က မတ်လ ၅ ရက်၊ နေ့လယ် ၁ နာရီတွင် စစ်တွေရှိ အာရီယာန်ခန်းမ၌ အခမ်းအနားဖြင့် ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဦးခိုင်ကောင်းစံသည် လူမှုကူညီရေးလုပ်ငန်းများအပြင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီလူ့အခွင့်အရေးများကို မြို၊ ခမီ၊ ချင်း၊ မရမာကြီး၊ သက်၊ မွတ်ဆလင် သည့်လူမျိုးများဖြင့် သဟဇာတဖြစ်အောင် လုပ်ဆောင်နေသူဖြစ်၍ ယခုဆုကို ချီးမြှင့်ခံရခြင်းဖြစ်သည်ဟု ဦးခိုင်ကောင်းစံက နိရဥ္စရာကို ပြောသည်။

ထိုင်းမှာနေတုန်းကလည်း လူမျိုး၊ ဘာသာမရွေး လူမှုကူညီစောင့်ရှောက်မှုတွေလုပ်တာပေါ့။ နောက်ပြီး ဒီမိုကရေစီလူ့အခွင့်အရေးတွေအတွက်လည်း အလုပ်လုပ်တယ်။ အဲ့ကြောင့် ထောင်ကျသွားတယ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်လည်းဖြစ်တယ်။ နောက် ထောင်က လွတ်လာတော့ ဝံလက်ဖောင်ဒေးရှင်းကို တည်ထောင်ပြီးတော့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီလူ့အခွင့်အရေးတွေကို မြို၊ ခမီ၊ ချင်း၊ မရမာကြီး၊ သက်၊ မူဆလင် စတဲ့လူမျိုးတွေနဲ့ သဟဇာတဖြစ်အောင် လုပ်ဆောင်တာတွေကို ကျွန်တော်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတွေ့ရတဲ့အပေါ်မှာ အကြောင်းပြုပြီးရွေးချယ်ကြတာပါဟု ပြောသည်။

ယခုလိုဆုပေးသည့်အတွက် ဆုသဘောသဘာဝက လူတစ်ဦးတစ်ယောက်အတွက် မဟုတ်ဘဲ နယ်ပယ် အသီးသီးရှိ လူပုဂ္ဂိုလ်များ၏ လုပ်ချင်ကိုင်ချင်စိတ်ကို ဖြစ်ပေါ်လာနိုင်အောင်လည်း အများကြီး နှိုးဆော်ပေးသကဲ့သို့ ဖြစ်သည်ဟုလည်း ဆက်ပြောသည်။

အဓိကတော့ အခုချီးမြှင့်တဲ့အတွက် ကျွန်တော် လက်ရှိလုပ်နေတဲ့ လူမှုရေးနယ်ပယ်ပေါ့နော်။ လူမှုရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေးသဟဇာတဖြစ်မှု လူအခွင့်အရေး ဒီမိုကရေစီအတွက် ရှေ့ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့အတွက် မျှော်လင့်ချက် အားဖြစ်စေပါတယ် ဟုပြောသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့်အဆိုပါ ဆုပေးပွဲသို့ နယ်ပယ်အသီးသီးမှ ဆရာတော်များ၊ ဥပဒေပညာရှင်များ၊ စစ်တွေမြို့မိမြို့ဖများ၊ စာရေးဆရာများ၊ စာပေလူမှုအသင်းအဖွဲ့များ၊ အနုပညာရှင်များ၊ စုစုပေါင်း လူဦးရေ စုစုပေါင်း ၁ဝဝ ကျော်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ဦးခိုင်ကောင်းစံသည် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကို နောက်ထပ် စိတ်ဝင်စားသူ ၆ ဦးဖြင့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်တွင် စစ်တွေမြို့အခြေပြုပြီး စတင်တည်ထောင်ခဲ့သည်။

လက်ရှိတွင် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၌ ဝန်ထမ်း ၆၀ ခန့်၊ အဖွဲ့ဝင် ၃၀၀ ကျော်နှင့် စေတနာ့ဝန်ထမ်း ၃၅ ဦးရှိပြီး ရခိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။ (NN-13)

ဆက်စပ် သတင်းများ