တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မြောက်ကိုးရီးယား ထောက်လှမ်းရေးဂြိုလ်တု ပစ်လွှတ်စဉ် အောင်မြင်မှုမရဘဲ ပင်လယ်ထဲပျက်ကျ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 482

မြောက်ကိုးရီးယားနိုင်ငံက ယနေ့ နံနက်ပိုင်း လွှတ်တင်ရန်ကြိုးပမ်းခဲ့သည့် ဂြိုလ်တုမှာ ဒုံးပျံဒုတိယ အဆင့် ချို့ယွင်းမှုကြောင့် ဒုံးပျံပစ်စင်မှ ထွက်ခွါပြီး စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲပျက်စီးပြီး ပင်လယ်ထဲကျသွားကြောင်း သိရှိရသည်။

 

မြောက်ကိုးရီးယားနိုင်ငံပိုင်(KCNA)သတင်းဌာန၏ ထုတ်ပြန်ချက်အရ ဂြိုလ်တုသယ် ဒုံးပျံ Chollima-1 ဒုံးပျံသည် လွှတ်တင်စဉ် အင်ဂျင် မတည်မငြိမ်ဖြစ်မှု နှင့် လောင်စာစနစ်ချို့ယွင်းမှုကြောင့် အောင်မြင်မှု မရခဲ့ဟု သိရှိရသည်။

 

မြောက်ကိုးရီးယား၏ သူလျှိုဂြိုလ်တုဟု ယူဆရပြီး ဆဌမမြောက် ယခုဂြိုလ်တုမှာ ၂၀၁၆ ခုနှစ် နောက်ပိုင်း ပထမဆုံး အာကာသထဲသို့ ပစ်လွှတ်ရန်ကြိုးပမ်းမှုဖြစ်သည်။

 

ဒုံးပျံပေါက်ကွဲပျက်ကျပြီး မကြာမီအတွင်း ဂျပန် နှင့် တောင်ကိုးရီးယားပင်လယ်တွင် အရေးပေါ် ရွှေ့ပြောင်းရန်သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။ အန္တရာယ်မရှိသဖြင့် သိပ်မကြာမီမှာပင် ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်ဆို၏။

 

မြောက်ကိုးရီးယားက အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်ရန် ၄င်းတို့၏ ပထမဆုံး ထောက်လှမ်းရေး ဂြိုလ်တုတစ်လုံးကို မေလ ၃၁ ရက်မှ ဇွန်လ ၁၁ရက်အတွင်း လွှတ်တင်မည်ဟု ကြိုတင် ကြေညာထားခဲ့သည်။

 

ပြီးခဲ့သည့်အပတ်က တောင်ကိုးရီးယားသည် ၄င်းတို့ကိုယ်တိုင်တည်ဆောက်သော ဒုံးပျံဖြင့် ဂြိုလ်တုတစ်လုံးကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သလို အင်္ဂါနေ့ကလည်း တရုတ်နိုင်ငံက အာကာသယာဉ်မှူး သုံးဦးကို ၄င်းတို့၏ အာကာသစခန်းယာဉ်ပေါ်သို့ ပို့ဆောင်နိုင်ခဲ့သည်။

 

ယနေ့နံနက် ဒေသစံတော်ချိန် ၆:၃၀ နာရီက ဆိုးလ်မြို့တော်တွင် အရေးပေါ်ပြောင်းရွှေ့ရန် လေကြောင်းရန် အချက်ပေးဥဩသံများ ဆူညံစွာထွက်ပေါ်ခဲ့သည်။

 

သို့သော် အရေးပေါ်သတိပေးဥဩသံကို နာရီပိုင်းအကြာတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

 

ဂျပန်အစိုးရကလည်း တောင်ပိုင်း အိုကီနာဝါဒေသတွင် အရေးပေါ် J-Alert အသံလွှင့် ပြီး နေအိမ်ထဲမှ အပြင်မထွက်ရန် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက သတိပေးချက် ထုတ်ပြန်ခဲ့ရသည်ဟု သိရသည်။

 

NN-27

Ref: Reuters/ CNA

ဆက်စပ် သတင်းများ