စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ပလက်ဝဒေသတွင် “(၂၈၉) ဗျူဟာကုန်း” နှင့် “မီးဝဗျူဟာကုန်း” များအပါအဝင် စစ်စခန်း (၈) ကို AAမှ ထိုးစစ်ဆင်တိုက်ခိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၄ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

(ပလက်ဝဒေသ၌သာမက ခိုင်ရှိ စစ်ကောင်စီ၏ စခန်း တစ်ခုမျှမကျန် အပြတ်ချေမှုန်း တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြ)

ရက္ခိုင့်တပ်တော် (AA) အနေဖြင့်ပလက်ဝ (၂၈၉) ဗျူဟာကုန်းနှင့်မီးဝဗျူဟာကုန်းများအပါအဝင် စစ်စခန်း () ကို AAမှ ိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု  ညီနောင်သုံးဖွဲ့၏ ဇန်နဝါရီ ရက်နေ့  ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထုတ်ပြန်ချက်ထဲတွင်ပလက်ဝဒေသအတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ဗျူဟာကုန်းများကို ၂၀၂၄ဇန်နဝါရီလ တစ်ရက်နေ့မှ စတင်ပြီးပလက်ဝ (၂၈၉) ဗျူဟာကုန်းနှင့်မီးဝဗျူဟာကုန်းများကိုထိုးစစ်ဆင် တိုက်ခိုက်ျက်ရှိကြောင်း၊ ၎င်းပြင်ပ လက်ဝဒေသ အတွင်း၌ သာမက ရက္ခိုင်ဒေသအတွင်းတွင်ရှိကြသည့် စစ်ကောင်စီ၏ စခန်းတစ်ခုမျှ မကျန် အပြတ်ချေမှုန်း တိုက်ခိုက်သွားမည် ဖြစ်ကြောင်းဖော်ပြထားသည်။

ပလက်ဝပတ်ဝန်းကျင်၌ စစ်ကောင်စီ၏ စခန်းများဖြစ်ကြသောခလရ- ၂၃၃ခမရ- ၃၇၄ခမရ- ၃၇၆ခမရ- ၃၀၈ခမရ- ၂၁၁ခမရ- ၂၁၇ခလရ- ၂၈၉ခမရ- ၂၂၀တို့ကိုလည်းနှစ်ဆန်းရက်၊ဇန်နဝါရီလ () ရက်နေ့မှချဉ်းကပ်ပြီးထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟုဆိုသည်။

ပလက်ဝ အတွင်းရှိ ချင်းလက်ဝစခန်းကုန်းအား ဇန်နဝါရီလ () ရက်တွင် ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး အဆိုပါ စခန်းကုန်းအား သုံးရက်ခန့်သာ တိုက်ခိုက်ခဲ့ရခြင်း ဖြစ်ပြီး  စခန်းကုန်းသိမ်း တိုက်ပွဲအတွင်း လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင် ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြသည်။

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးတွင် စစ်ကောင်စီဘက်မှ နှစ်ရှည်လများ အခိုင်အမာ စခန်းချတပ်စွဲထား ပြည်သူလူထုအား လက်နက်အားကိုးဖြင့် ကာလရှည်ကြာ အနိုင်ကျင့်ဗိုလ်ကျနေသည့် ရန်သူ့တောင်ရှည်တောင် ဗျူဟာကုန်းအား အပြီးသတ်ချေမှုန်း သိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း ဖော်ပြထားသည်။

၎င်းပြင် ူးသီးတောင်မြို့နယ်၊ ကျောက်တလုံးကျေးရွာနှင့် အနီးတစ်ဝိုက်သို့ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ယနေ့တွင်လည်း လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မိမိတို့၏စစ်ဆင်ရေးနှင့် အတူ ဟန်ချက်ညီစစ်ဆင်ရေးများကို ချိန်ကိုက်လိုက်ပါဆင်နွှဲနေကြသည့်အခြားသော တော်လှန်ရေးမိတ်ဖက် အဖွဲ့အစည်းအချို့တို့သည်လည်း နှစ်ဆန်းတွင်ပို၍ အားစိုက်လာသည်ကိုတွေ့ရှိရသည် ထို့အတူနေရာတိုင်းတွင်စစ်ကောင်စီအား အပြတ်အသတ် အလဲထိုးပြီးအောင်ပွဲများကို တစ်ခုပြီးတစ်ခုရယူနိုင်သည်များကို ဆက်တိုက်တွေ့လာရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဤသည်မှာ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေး၏ အနှစ်သာရပင်ဖြစ်သည်။ ၁၀၂၇စစ်ဆင်ရေးမှပေးလိုက်သည့် စိတ်ဓာတ်ခွန်အားမြှင့် မာတီဗီတာမင်မှာစစ်ကောင်စီအားယခုအချိန်၌မည်သည့်နေရာတွင်တိုက်တိုက်အနိုင်ရရန်အခြေအနေကောင်းသည်ဟူသော Motivation ဖြစ်သည်။

တစ်ရက်ပြီးတစ်ရက်အခြေအနေဆိုးဝါးလာနေသောစစ်ကောင်စီအားကြမ္မာငင်ခွင့်သာပေးပြီးမိမိတို့အပေါ်တန်ပြန်တိုက်စစ်အတွက်မည်သည့်အခွင့်အရေးမျှပေး၍ မရဆိုသည်ကို နှစ်ပေါင်းများစွာ အတွင်းရရှိထားပြီးဖြစ်သော အတွေ့အကြုံ၊ သင်ခန်းစာများအရ ကောင်းစွာ သိနားလည်ထားခြင်းသည် ပင်လျှင်လက်ရှိရရှိထားသောအောင်မြင်မှုများထက်ပို၍ အရေးကြီးကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။

( မှတ်ချက်- ၀၂၄ခုနှစ်၊ဇန်နဝါရီလ () ရက်နေ့၊ (၁၁:၅၀) အချိန်တွင်ထုတ်ပြန်သည် ညီနောင်သုံးဖွဲ့၏ “Operation 1027” ၁၀၂၇စစ်ဆင်ရေး (၆၉) ရက်မြောက်နေ့တိုက်ပွဲသတင်းများသတင်းမှကူးယူဖော်ပြပါသည်။)



ဆက်စပ် သတင်းများ