ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

အကြမ်းဖက်စစ်ကောင်စီတပ်က အချုပ်သား ၂ ဦးကို ပစ်သတ်၊ ကျန်အချုပ်သားများကို ရက္ခိုင့်တပ်တော်ကယ်ထုတ်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၃၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.9k

ရခိုင်ပြည်နယ်၊ မင်းပြားမြို့  ခမရ (၃၇၉) တပ်ရင်းတွင် ဖမ်းဆီးထားသူ အချုပ်သားများထဲက နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်သည်ဟု သတင်းရရှိသည်။

ပစ်သတ်ခံရသူ နှစ်ဦးအထဲတွင် ကိုကျော်ညွန့် () ဦးပိန်ချေလည်း ပါဝင်ကြောင်း မင်းပြားဒေသခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

အဆိုပါအချုပ်သား ဦး ပစ်သတ်ခံရခြင်းကို ယမန်နေ့ ညနေက ညီနောင်မဟာမိတ် ဖွဲ့၏ ထုတ်ပြန်ချက်တွင်လည်း အတည်ပြုဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ရက္ခိုင်ပြည်၊ မင်းပြားအခြေစိုက် ခမရ (၃၇၉) တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ၂၀၂၂ ခုနှစ်က တည်းကပင် မတရားဖမ်းဆီးထားသည့် အရပ်သားပြည်သူ () ဦးအား ဖမ်းဆီးထားစဉ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ကာ အချုပ်ခန်းထဲ၌ သေနတ်ဖြင့် မသေမချင်း ပစ်သတ်ခဲ့သည်ဟု ဖော်ပြထားသည်။

ကျန်အချုပ်သားများကို ရက္ခိုင့်တပ်တော်က အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့သည်ဟုလည်း ၎င်းမင်းပြားဒေသခံက ဆက်လက်ပြောဆိုသည်။

မင်းပြားရဲစခန်းက ရွှေ့ပြောင်းယူသွားတဲ့ အချုပ်သားတွေကို ခမရ ၃၇၉ က ဗဟိုကင်းမှာထားပြီး ရဲတွေကတော့ ကြက်ခြံမှာ နေကြတယ်လို့ သိရပါတယ်။ အဲဒီအထဲက တိုက်ပွဲဖြစ်နေတာကို ချောင်းကြည့်မိလို့ ကိုကျော်ညွှန့်နဲ့ နောက်တစ်ဦးကို ပစ်သတ်လိုက်တယ်လို့ ကြားပါတယ်။ ကျန်တဲ့ အချုပ်သားတွေကိုတော့ တပ်တော်က မနေ့က ကယ်ထုတ်လာနိုင်တယ်လို့ သိရပါတယ်ဟု ပြောကြားသည်။

ကယ်ထုတ်လာသူများအထဲတွင် ဥက္ကာပျံရပ်ကွက် အုပ်ချုပ်ရေးမှူး ညီဒေါင်းချေ၊ နရမ်းဘက်က လူငယ်တစ်ဦး၊ပေါက်တောနှင့် ရသေ့တောင်ဘက်က လူငယ်တချို့ပါဝင်သည်ဟု သိရသည်။

လောလောဆယ် ကယ်ထုတ်လာသူ အချုပ်သား အရေအတွက်ကိုတော့ နိရဉ္စရာသတင်းဌာနအနေဖြင့် အတိအကျ မသိရသေးပါ။

နောက်ဆုံးရရှိသောသတင်းများအရရက္ခိုင့်တပ်တော်၏ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်၃၇၉တပ်ရင်းမှစစ်သားများသည်ခမရ (၅၄၁) ရှိရာတောင်တန်းဘက်သို့ကစင့်ကလျားဆုတ်ခွာထွက်ပြေးနေကြသည်ဟုသိရှိရသည်။



ဆက်စပ် သတင်းများ