- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
လာမည့်ခရီးသွားရာသီအတွက် မြန်မာနိုင်ငံရှိ ခရီးသွားများလာရောက်လည်ပတ်သင့်သော ဦးစားပေးနေရာများကို စစ်ကောင်စီက ထုတ်ပြန်ဖော်ပြရာတွင် ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးကို ချန်လှပ်ထားခဲ့သည်။
စစ်ကောင်စီ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပြည်တွင်း ပြည်ပခရီးသွားများအတွက် ဦးစားပေး သွားရောက်လည်ပတ်နိုင်သည့် ဒေသ ၁၄ ခုကို ထုတ်ပြန်ခဲ့ရာတွင် ရခိုင်မှ ကျောက်ဖြူ၊ ငပလီ၊ မာန်အောင်မြို့တို့ ပါဝင်ပြီး ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် လည်ပတ်မှုများသည့် ရှေးဟောင်းမြို့တော် မြောက်ဦးကိုမူ ချန်လှပ်ထားခဲ့သည်။
ရခိုင်မှ ကျောက်ဖြူ၊ ငပလီ၊ မာန်အောင်မြို့တို့နှင့်အတူ တစ်ခြား မြန်မာနိုင်ငံမှ သွားလည်သင့်သော နေရာများအဖြစ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံ၊ အင်းလေး၊ ကလော/တောင်ကြီး၊ ကော့သောင်း၊ ပူတာအို၊ ငွေဆောင်၊ ချောင်းသာတို့ကို ဖော်ပြထားသည်။
ရခိုင်ရှေးဟောင်းယဉ်ကျေးမှုနယ်
ယခုကဲ့သို့ ချန်လှပ်ထားခြင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုနှင့် မိုခါပြန်လည်ထူထောင်ရေးနှင့်
ပတ်သက်ပြီး စစ်အစိုးရကို အရှက်ရစရာ ဖြစ်စေနိုင်သည့် အတွက် ချန်လှပ်ထားခြင်းဖြစ်နိုင်သည်ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
"ရခိုင်ပြည်မြောက်ပိုင်းက တိုက်ပွဲတွေ၊ စစ်ရေးတွေမငြိမ်မသက်တာကြောင့်
ယခုနှစ် ခရီးသွားရာသီတွင် မာန်အောင်ဒေသကိုလည်း ထည့်သွင်းဖော်ပြထားသည့်အတွက် ဝမ်းသာကြောင်း၊ သို့သော်လည်း လေယာဉ်ပျံသန်းခွင့်ကို ပြန်လည်ခွင့်ပြုပေးရန် လိုကြောင်း မာန်အောင်မြို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
“ ခရီးသွားတွေ လာရောက်လည်ပတ်သင့်တဲ့ နေရာထဲမှာ မာန်အောင်ပါလာတော့ ဝမ်းသာရပါတယ်။ တကယ်လည်း သာယာလှပတဲ့နေရာတွေပေါများတဲ့ မာန်အောင်က လာရောက် လည်ပတ်သင့်တဲ့နေရာပါ။ ဒါပေမယ့် လေယာဉ်ခရီးစဉ်တွေကို ဒီနှစ်ပွင့်လင်းရာသီမှာပြန်လည် ပြေးဆွဲခွင့်ပြုသင့်ပါတယ်။ ဒီလက်ရှိ စစ်အစိုးရ တက်လာတဲ့ ၂၀၂၁ ခုနှစ် ဧပြီလကတည်းက လေယာဉ် မာန်အောင်ကို ပျံသန်းတာကို ရပ်နားထားပါတယ်။ လေယာဉ်ပြေးဆွဲမှ ခရီးသွားလုပ်ငန်းက အဆင်ပြေ တိုးတက်မှာပါ” ဟု ၎င်းက ပြောသည်။
မာန်အောင်ကျွန်းသည် ရခိုင်ပြည်နယ်ထဲမှ အလွန်လှပသာယာသော နေရာဒေသ တစ်ခုဖြစ်သော်လည်း ခရီးသွားလာရေးခက်ခဲမှုနှင့် လျှပ်စစ်မီး မရရှိခြင်းတို့ကြောင့် ခရီးသွားလာသူနည်းပါးလျှက်ရှိနေသဖြင့် လမ်းပမ်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ၂၄ နာရီ ရရှိရန် ဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း ဒေသခံများက ပြောကြားသည်။
ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်အတွင်းသို့ သင်္ကြန်ကာလ ဧပြီ ၉ ရက်မှ ၁၇ ရက်အတွင်း နိုင်ငံခြားခရီးသည် ၂၆၀ ဦးနှင့် ပြည်မဘက်က ခရီးသည် ၁၅၉၁၇ ဦး လာရောက်လည်ပတ်ခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပြည်မဘက်မှ ခရီးသွားဧည့်သည် ၅၂၉၀ ဦးနှင့် နိုင်ငံခြားဧည့်သည် ၂၁ ဦး၊ သံတွဲမြို့သို့ ပြည်မဘက်မှ ခရီးသွားဧည့်သည် ၆၁၈၆ ဦးနှင့် နိုင်ငံခြားဧည့်သည် ၂၃၉ ဦး၊ ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ ပြည်မဘက်မှ ခရီးသွားဧည့်သည် ၃၁၉၅ ဦးနှင့် ကျောက်ဖြူသို့ ပြည်မဘက်မှ ခရီးသွားဧည့်သည် ၁၂၄၆ ဦးအထိရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနစာရင်းအရ သိရသည်။
မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ နိုင်ငံတကာ ခရီးသွားဧည့်သည် စုစုပေါင်း ၇၅၁,၂၁၆ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယခုနှစ် ပွင့်လင်းရာသီ ခရီးသွားကာလတွင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ခရီးသွား အများအပြားဝင်ရောက်လာမည်ဟု မျှော်လင့်ထားသည်ဟု သိရသည်။ သို့အတွက် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ခရီးသွားများကိုလည်း ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ခွင့် ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- မူရင်းပိုင်ရှင်ကို Credit ပေးပါသည်။