- Web Master
- ၂၆ စက်တင်ဘာ ၂၀၂၄
(နောက်ဆုံးအကြိမ် စာသင်ကျောင်းကိုပါဗုံးကြဲ)
သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဧပြီ ၁/၂၀၂၄
စစ်ကောင်စီသည် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို
နှစ်ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ဆုံးအကြိမ် တိုက်ခိုက်မှုတွင် စာသင်ကျောင်းပါ ဗုံးကြဲ၍ မီးလောင်ပျက်စီးခဲ့သည်ဟု
သတင်းရရှိသည်။
ယမန်နေ့
မတ်လ ၃၁ ရက်နေ့ ည ၈နာရီကျော်ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့မှုကြောင့်
ရခိုင်ကုန်းရပ်ကွက်တွင် ဗုံးကျရောက်ခဲ့ပြီး အခြေခံပညာ
(မူလွန်)ကျောင်း မီးလောင်ကျွမ်းခဲ့ပြီး ရပ်ကွင်းအတွင်း နေအိမ် ၄ လုံး
မီးလောင်ပြာကျခဲ့ကြောင်း
ကမ်းထော
" မနေ့ညက ဂျက်နဲ့
လာကြဲတာ။ ကျနော်တို့တောင် ထိတ်လန့်သွားရတယ်။ ရခိုင်ကုန်းရပ်ကွက်က မီးလောင်နေ
စစ်ကောင်စီသည် မြေပုံမြို့နယ်ကို
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ်လ ၂၂ရက်နေ့မှ ၃၁ရက်နေ့အထိ
ဗုံးကြဲတိုက်ခိုက်မှု (၄)ကြိမ်အထိရှိနေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီမှ ဖက်ဆစ်
စစ်တပ်ပီပီ ပြည်သူများနေထိုင်သည့်
မြို့နှင့်
ကျေးရွာများကို
ဗုံးကြဲတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်လာမှုကြောင့်
အလွန်တရာမှ စိုးရိမ်ကြောက်လန့်မိသည်ဟု အမ်းမြို့နယ်မှ အမျိုးသမီးတစ်ဦးက
နိရဉ္စရာကိုပြောသည်။
" ကျမတို့က
ရွာမှာမဖြစ်သေးပေမယ့် မြေပုံမှာဆိုရင် ဗုံးကြဲတိုက်ခိုက်မှုတွေ မကြာမကြာလုပ်တယ်။
လူတွေထိခိုက်သေဆုံးမှုတွေရှိတယ်
ရခိုင်ပြည်တွင် မတ်လ (၁) ရက်နေ့မှ (၂၈)ရက်နေ့အထိ စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၁ ကြိမ် အထိရှိခဲ့ပြီး လူပေါင်း ၄၈ ဦးသေဆုံးကာ ၆၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း နိရဉ္စရာ၏ ကောက်ယူထားသည့် သတင်းအချက်အလက်အရသိရသည်။