ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကမ်းထောင်းကြီးမြို့တွင် မီးဘေးအတွက် အကူအညီများလိုအပ်နေ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၀ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင် မီးလောင်မှုကြောင့် နေအိမ် ၂၅ လုံး ပျက်စီးခဲ့ပြီး ူပေါင်း ၁၀၀ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ ၎င်းတို့အတွက် အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

ကမ်းထောင်းကြီးမြို့၊ ရွာသစ်ရပ်ကွက်တွင်ယမန်နေ့ဖေဖော်ဝါရီ ၁၈ရက်နေ့ နေ့လယ် ၁နာရီခန့်က မီးဖိုချောင်မှ ပေါ့ဆမီးကြောင့်  မီးလောင်ခဲ့သည်ဟု ကမ်းထောင်းကြီးမြို့မှ မီးဘေးသင့်ပြည်သူများ ကူညီရေး ကော်မတီအတွင်းရေးမှူး ဦးရန်နိုင်ဖြိုးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" ထမင်းချက်တဲ့မီးသွေးမီးဖိုကနေ မီးအကြွင်းအကျန်ကြောင့်လောင်သွားတာပါ။ အိမ်မှာ နေခဲ့သူကလည်း  နားမကြားတဲ့အမျိုးသမီးပါ။ ရပ်ကွက်ထဲမှာက အမျိုးသားတွေကငါးရှာသွားခဲ့တယ်။ အမျိုးသမီးတွေက ဈေးရောင်းကြတော့ အိမ်တွေမှာလူမရှိဘူး။ ၂၅ အိမ်ကအကုန်ပြာကျသွားတယ်။ အိမ်က တစ်ပိုင်းတစ်စလောင်သွားတယ်" ဟုပြောသည်။



မီးလောင်သည့်ကြာချိန်မှာ ၂နာရီကျော်အထိကြာမြင့်ခဲ့ပြီး  လူဦးရေ  ၁၂၄ ဦးခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသဖြင့် စားသောက်‌နေထိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွက်အကူညီများ လိုအပ်လျက်ရှိသညဟု ၎င်းကပြောသည်။

" လက်ရှိတော့ စားဝတ်နေရေးပါ။ အိမ်မှာရှိတဲ့ အဝတ်အစား ရွှေတိုရွှေစပါမကျန်မီးထဲပါသွား  တော်တော်ဒုက္ခရောက်နေပါတယ်အခုလက်ရှိသူတို့တွေက ရပ်ကွက်ထဲက တခြားသူ‌တွေရဲ့ နေအိမ်တွေမှာ နေရပါတယ်" ဟုပြောသည်။

ရွာသစ်ရပ်ကွက်တွင် နေအိမ် ၇၀၀ကျော်နီးပါးရှိသည်ဟုဒေသခံများကပြောသည်။( NN-11) 

Photo-Maung Cherry

 

ဆက်စပ် သတင်းများ