ဗုဒ္ဓဟူး၊ ဇူလိုင်လ ၃ရက်၊ ၂၀၂၄

CDM ကျန်းမာရေးဝန်ထမ်းတွေခန့်ထားတဲ့အတွက် မန္တလေးက ပုဂ္ဂလိက ဆေးရုံတချို့ ပိတ်ထားခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 11k

နိရဉ္စရာ၊ ဒီဇင်ဘာ ၂၉/၂၀၂၂

မန္တလေးမြို့က ပုဂ္ဂလိက ဆေးရုံ တစ်ချို့ CDM ကျန်းမာရေးဝန်ထမ်းတွေခန့်ထားတဲ့အတွက် ယာယီ ပိတ်သိမ်း ခံရမှုတွေရှိနေတယ်လို့ သတင်းရရှိပါတယ်။

ယာယီပိတ်သိမ်းခံရတဲ့ ဆေးရုံတွေဟာ နန်းတော်မြို့၊ ကံ့ကော်၊ ထက်နေလင်းနဲ့ စိန်ပန်း ပုဂ္ဂလိက ဆေးရုံတွေ ဖြစ်ပြီး အဲ့ဒီ ဆေးရုံတွေကို ၂၀၂၃၊ ဇန်နဝါရီ ၁ ရက်နေ့ကနေ ဧပြီလကုန်ပိုင်း အထိ ၄ လ ယာယီ ပိတ်သိမ်းထား ဖို့ စစ်ကောင်စီက ပြောဆိုလာခဲ့တာလို့လဲ ဆရာဝန်အသိုင်းအဝိုင်းက ပြောပါတယ်။

သူတို့ (စစ်ကောင်စီ)က လုပ်ချင်ရာလုပ်တာ။ ဘာမှလဲ မပြောပြချင်တော့ပါဘူး။ ဒါပေမယ့် သူတို့ဆေးရုံကို မသွားချင်ကြတဲ့ ကျန်းမာရေးစောင့်ရှောက်ဖို့ လိုအပ်တဲ့ သူတွေအတွက်တော့ စိတ်မကောင်းဘူး ပေါ့လို့ ဆရာဝန် တစ်ဦးက မှတ်ချက်ပြုပါတယ်။

စစ်တပ်အာဏာသိမ်း အစောပိုင်းကာလမှာ CDM ပါဝင်လှုပ်ရှားခဲ့တဲ့ ဆရာဝန် ၅၅၀ ကျော်ကို ဆေးကုသခွင့် လိုင်စင် (ဆမ) ပိတ်သိမ်းပြီး ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်တာမျိုးတွေကိုလည်း လုပ်ဆောင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

အခုလို ပုဂ္ဂလိက ဆေးရုံတွေ ပိတ်သိမ်းခိုင်းတာကိုလည်း စစ်ကောင်စီက ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေဟာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနဲ့ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေကို လိုက်နာကြဖို့ လိုအပ်တယ်ဆိုပြီး ဝန်ခံ ပြောဆိုထားတာကို တွေ့ရပါတယ်။

စစ်ကောင်စီကတော့ သူတို့ရဲ့ မြို့ပေါ်ရှိ ဗဟိုအဆင့် ပြည်သူ့ဆေးရုံကြီးတွေနဲ့ အထူးကု ပြည်သူ့ဆေးရုံကြီးတွေ ကို ပိတ်ရက်မရှိ ၂၄ နာရီလူနာကုသမှုတွေလုပ်ဆောင်ပေးနေတယ်လို့လဲ ဆိုပါတယ်။

 NN - 25

ဆက်စပ် သတင်းများ