ဗုဒ္ဓဟူး၊ ဇူလိုင်လ ၃ရက်၊ ၂၀၂၄

စစ်ကောင်စီက နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲကျင်းပပြုလုပ်ရန် ညမထွက်ရအမိန့် ခေတ္တပယ်ဖျက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 9.8k

နိရဉ္စရာ၊ ဒီဇင်ဘာ ၃၀/ ၂၀၂၂

စစ်ကောင်စီက နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲကျင်းပပြုလုပ်ရန်အတွက် ညမထွက်အအမိန့် ပုဒ်မ ၁၄၄ ကို ခေတ္တပယ်ဖျက်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထုတ်ပြန်ချက်တစ်ခု လူမှုကွန်ယက်စာမျက် နှာမှာ ပြန့်နှံ့နေသည်ကိုတွေ့ရသည်။

လက်ရှိ အချိန်အထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ အသက်ဝင်နေသည့်  ည ၁၂ နာရီ မနက် ၄ နာရီအထိ သတ်မှတ်ထားချက်ကို  ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက်အထိ ခေတ္တပယ်ဖျက်ခဲ့သည်ဟု သိရသည်။

၎င်းအချိန်ကာလအတွင်းတွင်  ရန်ကုန်မြို့က ပြည်သူ့ရင်ပြင်နေရာနိုင်ငံတကာ နှစ်သစ်ကူး ပွဲတော် (Count Down Party) ကို စည်းကားသိုက်မြိုက်အောင် ကျင်းပပြုလုပ်ရန် စစ်ကောင်စီက စီစဉ်နေခြင်းလည်းဖြစ်သည်။

ပြည်သူ့ရင်ပြင်နေရာတွင် မီးရှုးမီးပန်းများ ပစ်ဖောက်မှုများနှင့်  စတိတ်ရှိုးပွဲများကိုလည်း ထည့်သွင်း ကျင်းပပြုလုပ် သွားမည်ဟုလည်း  စစ်ကောင်စီ ထုတ်ပြန်ချက် ပါရှိသည်။

အဆိုပါ ပျော်ပွဲရွှင်ပွဲများနှင့် ပတ်သက်ပြီး စမ်းချောင်းမှာ နေထိုင်သည့် Taxi ယာဉ်မောင်း တစ်ဦးက အခုကာလကတော့ ဘယ်မှ မသွားမလာတာ အကောင်းဆုံးပဲ။ ဟိုနားပေါက်လိုက်ဒီနားပေါက်လိုက်နဲ့ အရမ်းအန္တရယ်များတယ် ဟု ြောသည်။

သီတင်းကျွတ်လပြည့်နေ့ကလည်း ပြည်သူ့ရင်ပြင်နေရာမှာပဲ မီးရှုးမီးပန်းဖောက်လွှတ်မှုနှင့် ဈေးရောင်းပွဲတော် တစ်ခုကိုလည်း ကျင်းပပြုလုပ်ခဲ့သော်လည်း လာရောက်သူ နည်းပါးခဲ့သည်ကို တွေ့ရသည်ဟု ၎င်းက ပြောဆိုသည်။ NN-25

ဆက်စပ် သတင်းများ