- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၄
(ယနေ့အချိန်ထိ အပြန်အလှန်ထိုးစစ်များဖြင့် တိုက်ပွဲအရှိန်မြင့်တက်နေဟုဆို)
၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်မှစပြီး စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင်လည်း ရက္ခိုင့်တပ်တော် ( AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့၏ အောက်တိုဘာ ၃၀ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၎င်းတိုက်ပွဲများမှာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင် အနောက်ဖက်တောင်ရိုး တလျှောက်၌ ယနေ့ အချိန်ထိ ရင်ဆိုင်တိုက်ပွဲများ၊ ကြိုကြားကြိုကြား ဖြစ်ပွားလျက်ရှိ ကြောင်း၊ အပြန်အလှန်ထိုးစစ်ဆင် တိုက်ခိုက်မှုများနှင့် အတူ တိုက်ပွဲအရှိန် ဆက်လက်မြင့်တက်နေကြောင်းလည်း ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
တိုက်ပွဲမှာ စစ်ဆင်ရေး ပထမနေ့ဖြစ်သော ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့၊ နံနက် (၈) နာရီ (၂၂) မိနစ်တွင် စတင်ခဲ့ကာ ယခုတိုက်ပွဲ ဖြစ်ပွားနေသော နေရာသည် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု အများဆုံးသော နေရာများထဲမှတစ်ခုလည်း ဖြစ်ပြီး စစ်ကောင်စီဖက်မှ ထိခိုက် ကျဆုံးမှုများခဲ့သလို မိမိတို့ဖက်မှလည်း အထိအခိုက်၊ အကျအဆုံး အချို့ရှိနေသည်ဟု ဆိုသည်။
(၁၀၂၇ စစ်ဆင်ရေး) စတင်သည့်အချိန်တွင် ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ကိုးကန့်၊ တအာင်းညီနောင် မဟာမိတ်များနှင့် အတူသာမက ကချင်အပါအဝင် အခြားသောမဟာမိတ်များရှိရာ နေရာဒေသများ၊ စစ်ဆင်ရေး၏ အရေးကြီးသောနေရာများနှင့် စစ်ဆင်ရေးကို အထောက်အပံ့ဖြစ် စေသောနေရာများတွင် စစ်ကောင်စီ၏တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်းဖြင့်လည်း ထုတ်ပြန်ထားသည်။
ထို့အပြင် ရက္ခိုင့်တပ်တော်အခြေစိုက် လှုပ်ရှားသောနေရာများထဲမှတစ်ခု
မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာ