အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ဇက်ရေယာဉ်ကို ဓာတ်ပုံရိုက်သည့် သံသယကြောင့် စစ်ကောင်စီတပ်က မနော်သီရိရွာကို လက်နက်ကြီးပစ်ခတ်ပြီး အိမ် ၁၁ ဆောင်ကိုမီးရှို့၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၆ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

ဇက်နေဗီရေယာဉ်ကို ဓာတ်ပုံရိုက်သည့် သံသယကြောင့် စစ်ကောင်စီတပ်ကပေါက်တောမြို့နယ်မနော်သီရိရွာကို  လက်နက်ကြီးများ ပစ်ခတ်ပြီးရွာကို မီးရှို့မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိပြီးနေအိမ် (၁၁) လုံးမီးလောင် ပြာကျသွားကြောင်းသိရသည်။ 

ယမန်နေ့  ဒီဇင်ဘာလ ရက် နေ့လယ်  နာရီခန့်တွင် စစ်တပ်ဇက်နေဗီ တစ်စီးအား ဓာတ်ပုံရိုက်သည့် သံသယဖြင့် စစ်ရေယာဉ် ()မှ လက်နက်ကြီး ၊ လက်နက်ငယ်များနှင့် မနောသီရိ ရွာကို ပစ်ခတ်သည့်အပြင် စစ်ကောင်စီတပ်သားများ ရွာကို ဝင်ရောက်ကာ မီးဝင်ရှို့သည်ဟု  အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

"စစ်တပ် ဇက်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေလည်း ရွာကို အဆက်မပြတ် ပစ်တယ်။ ဇက်အငယ်တစ်စီးက ကမ်းကပ်လာပြီး စစ်သားတွေ ၂၀ လောက်ရှိမယ်ထင်တယ်။ ရွာကို ဝင်လာပြီး မီးဝင်ရှို့လို့ အခုလိုဖြစ်သွားရတာပါ။ အမျိုးသမီးတစ်ယောက် ခြေထောက်မှာ ဒဏ်ရာရသွားပါတယ်။ အိမ်ကတော့ ၁၁ လုံး မီးလောင်သွားတယ်။ ရွာက လူတွေတော့ တိမ်းရှောင်နေကြရပါတယ်။ သူတို့ နေဗီကို ဓာတ်ပုံရိုက်တဲ့ အတွက် ဒီလို လုပ်တယ်လို့ ကြားရပါတယ်။ အတိအကျတော့ မပြောနိုင်ပါဘူး " ဟု ပြောသည်။

ဒဏ်ရာရရှိသွားသူမှာ မအေးအေးချို (၂၉) နှစ်ဖြစ်ပြီး စစ်တပ်ဇက်နေဗီက ပစ်လိုက်သည့် လက်နက်ကြီး ကျည်စသည် သူမ၏ခြေထောက်တွင် ထိမှန်ပြီး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

/ပြီကျွန်းအနားတွင် ရပ်နားထားသော စစ်ကောင်စီ၏ နေဗီမှ ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာအား လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည့်အတွက် အမျိုးသမီးငယ် (ဦး ၏ ခြေထောက်အား လက်နက်ကြီး ကျည်ထိမှန် ဖောက်ထွက်သွားခဲ့ပြီး စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များသည် ဆိုပါ ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်စီးခဲ့သည်ဟု ညီနောင်မဟာမိတ် () ဖွဲ့ ယနေ့ သတင်း ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။

ထို့အပြင် မြောက်ဦးမြို့ အခြေစိုက် ခမရ (၅၄ဝတပ်ရင်းမှ အရပ်သား ပြည်သူလူထုအပေါ် ဦးတည်ပစ်မှတ် ထား၍ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် မြောက်ဦးမြို့ အတွင်းသို့လက်နက်ကြီး ကျည်ကျ ရောက် ပေါက်ကွဲခဲ့၍ အမျိုးသမီး (ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့ပေါ်တွင် စစ်ကောင်စီရေတပ်နှင့် စစ်တွေ တပ်ရင်းများက လက်နက်ကြီးဖြင့် နေ့တိုင်းပစ်ခတ်နေ၍ ဆက်လက် မီးလောင်နေသည်ဟု သတင်းရရှိသည်။(NN-7)(ဓာတ်ပုံ - APM)

ဆက်စပ် သတင်းများ