အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်က မုန်းမြို့ရှိ စျေးဆိုင်ခန်းများကိုဖောက်ထွင်းပြီး ၅ရက်ခန့်အကြာတွင် စျေးကိုမီးရှို့


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 938

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ စျေးဆိုင်များကို စစ်ကောင်စီတပ်က ဖောက်ထွင်းပြီး ၅ ရက်ခန့်အကြာတွင် စျေးကို မီးရှို့လိုက်သည်ဟု  ကေအဲန်ယူ−ဗဟိုမှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းစျေးအား မီးရှို့ဖျက်ဆီးခြင်းများ မပြုလုပ်မီ (၅)ရက်ခန့်အလိုတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်သားများမှ ထိုဈေးဆိုင်တန်းများရှိ ပစ္စည်းများကို ဖောက်ထွင်းကာ ဈေးပေါပေါဖြင့် အပြင်တွင် လိုက်လံ ရောင်းချခဲ့သည်ဟု ဆိုသည်။

“ဈေးဆိုင်တွေကို ဖောက်ပြီး ကြက်ဥတစ်လုံးကို တစ်ရာ အင်္ကျီတစ်ထည် (သို့မဟုတ်) ဘောင်းဘီ တစ်ထည်ကို တစ်သောင်း ထဲနဲ့ လိုက်ရောင်းနေတယ်” ဟု မုန်းမြို့ပေါ်သို့ ဈေးသွားဝယ်သော ဒေသခံ တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထို့အပြင် တစ်ချို့ရေခဲသေတ္တာနှင့် အခြားပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့ကြောင်း၊ တစ်ခြား ပစ္စည်းများကိုလည်း တံတားပေါ်တွင် ပစ္စည်းများကို ဖျက်ဆီးပြီး မုန်းချောင်းထဲပစ်ချခဲ့ကြောင်း၊  မုန်းမြို့ထဲရှိ ဒေသခံများကိုလည်း အတင်းအဓမ္မ မြို့ထဲကနေ မောင်းထုတ်လျှက်ရှိကြောင်း  ပြောဆိုသည်။

ဓါတ်ပုံ − စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်နေသော မုန်းမြို့ရှိဈေးဆိုင်တန်းများ။

ဆက်စပ် သတင်းများ