- Web Master
- ၂၂ သြဂုတ် ၂၀၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် လက်ဆည်ကန်မှ မြို့တွင်းရပ်ကွက်များသို့ မြို့နယ်စည်ပင်က ဖြန့်ဝေပေးနေသည့်ရေမှာ ပုတ်နံ့နံပြီး မသန့်ရှင်းသဖြင့် သုံးစွဲပါက ခန္ဓာကိုယ်ယားယံခြင်းများ ဖြစ်နေကြသည်ဟု ဒေသခံများက နိရဉ္စရာကိုပြောသည်။
ယင်းအပြင်
သံချေးရောင်ဖြစ်နေသည့်အဆိုပါရေ
"အရင်တုန်းက
ရေကသန့်ပါတယ်။ တစ်မြို့လုံးက ဒီရေကိုပဲ သောက်ကြတယ်။ ခုတော့ အညစ်အကြေးတွေနဲ့
ရေက တခါတခါအနီရောင်တွေထွက်လာတယ်။
ရေက မသန့်တော့ တချို့ဆို ယားနာတွေ ဖြစ်ကြတယ်"ဟု ပြောသည်။
ရေစစ်များဖြင့်
ခံသုံးလျှင်လည်း အဆင်မပြေဖြစ်နေပြီး ရေသုံးစွဲရ အလွန်တရာအခက်အခဲ ဖြစ်နေကြသည်ဟု မြို့ခံများက ဆိုကြသည်။
မြောက်ဦးမြို့နယ်စည်ပင်သာယာရေး
"အခုလိုမိုးကာလတွေမှာ
တောင်ကျရေကျတာနဲ့ ဖြစ်တာ။ ရာသီဥတုမမှန်တာတွေနဲ့ ဆိုင်တယ်ထင်ပါတယ်။
ရေစုကန်ကိုလည်းသန့်ရှင်းထားပါ
မြောက်ဦးမြို့ကိုဖြန့်ဝေပေးနေ
အနူမကန်တွင် အဝတ်လျှော်၊
ရေချိုးတတ်ကြသည့်အတွက် မသန့်ရှင်းသည့်ရေများကို လက်ဆည်ကန်ထဲသို့
ဖြည့်တင်းခဲ့မှုအပေါ်လည်း ဝေဖန်မှုများမြင့်တက်ခဲ့သည်။
ရေချိုအရင်းအမြစ်ပေါများသည့်
ရခိုင့်ဘုရင့်နေပြည်တော်ဖြစ်ခဲ့
လက်ဆည်ကန်သည် ယခုနောက်ပိုင်း
တိမ်ကောလာသည့်အတွက်လည်း ပြန်လည်တူးဖော်ခွင့်ရရန် ရှေးဟောင်းသုတေသနဌာနထံ
မြို့နယ်စည်ပင်က တောင်းဆိုထားသည်ဟု သိရသည်။
မြောက်ဦးမြို့တွင်
လက်ဆည်ကန်နှင့် တောင်ဖြူချေရေကန်တို့ရှိရေများ
ရခိုင်ပြည်နယ်သည် မိုးများသော ဒေသတစ်ခုဖြစ်သော်လည်း အုပ်ချုပ်သူ အစိုးရအဆက်ဆက်၏ ညံ့ဖျင်းသော စီမံခန့်ခွဲမှုများကြောင့် သောက်သုံးရေပြဿနာမှာ မြို့နယ်တိုင်းလိုလိုတွင် ကြုံတွေ့နေရပြီး နွေရာသီဆိုလျှင် စစ်တွေမြို့အပါအဝင် မြို့တိုင်းရွာတိုင်းတွင် ရေရှားပါးကာ အခက်ကြုံလေ့ရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ (NN-10)