ကြာသပတေး၊ ဇွန်လ ၂၇ရက်၊ ၂၀၂၄

ကရင်နီ ဖယ်ခုံက ခေါင်းအိနှင့်စက်တော် (၁)လခွဲ တိုက်ပွဲများတွင် စစ်ကောင်စီ ၁၉ သေဆုံးခဲ့ပြီး PDF ၁ဦး သေဆုံးခဲ့ဟု KRU ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 968

ရှမ်း - ကယားနယ်စပ်ရှိ ဖယ်ခုံမြို့နယ်အတွင်းက ခေါင်းအိနှင့် စက်တော် (၁)လခွဲ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ (၁၉)ဦး သေဆုံးကာ PFD ဘက်မှ ရဲဘော် (၁) ကျဆုံးခဲ့ကြောင်း Karenni Revolution Union (KRU) ဗဟိုသတင်း နှင့် ပြန်ကြားရေးက ဇူလိုင်လ ၁၄ ရက်နေ့က ထုတ်ပြန် ‌ပြောဆိုထားသည်။

အဆိုပါကျေးရွာများအတွင်း (၁)လခွဲတာ တိုက်ပွဲများ၌ ထိတွေ့တိုက်ပွဲ (၁၃) ကြိမ်ဖြစ်ပွားခဲ့ပြီး PDF တပ်ဖွဲ့ဝင် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုလည်း ဖြစ်ပေါ်ခဲ့ကြောင်း KRU ထံက သိရှိရသည်။

ခေါင်းအိနှင့် စက်တော်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် ပျူစောထီးများအား PKPDF နှင့်အတူ KRU, SSDF (ရှမ်းတောင် ဒရုန်း တပ်ဖွဲ့) , LKPDF, ရှမ်းတောင်တပ်ပေါင်းစု အဖွဲ့ [1003, 1005, 1008, 1009 - IPDF, SSLRU, NPT (ပ က ဖ)]တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


“ရန်သူစစ်ကောင်စီဘက်က ပျူးစောထီးတွေ ခလရ -၂၄၈ တပ်ရင်းတပ်ဖွဲ့တွေပါတယ်။ တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က (၁၉) ယောက် (တိကျသောစာရင်းအရ) သေဆုံးခဲ့တယ်လို့ သိရတယ်”ဟု KRU ကပြောသည်။

တိုက်ပွဲ အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရဲဘော်များလည်း ကျန်းမာရေးကောင်းမွန်ပြီး ဆေးကုသမှု ခံယူလျက်ရှိနေကြောင်းကိုလည်း KRU ကထုတ်ပြန် ပြောဆိုထားသည်။

တိုက်ပွဲ ကာလအတွင်း၌ စစ်‌ကောင်စီလက်အောက်ခံများထံက MG 3 ငါးကြင်းမှီး (1) လက်၊ MA 3 (1) လက်၊ တင့်ဖျက်မှိုင်း နှင့် ကျည် ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ (NN – 25) ဓာတ်ပုံ - သိမ်းဆည်းလက်နက်ခဲယမ်းများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် PDF ရဲဘော်တစ်ဦး (Karenni Revolution Union (KRU)ဗဟိုသတင်း နှင့် ပြန်ကြားရေး

 

ဆက်စပ် သတင်းများ