တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

နောင်ချို၊ မိုးကုတ်နှင့် ကျောက်မဲမြို့နယ်တို့တွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 481

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၂၆ ရက်/၂၀၂၄

၁၀၂၇ စစ်ဆင်ရေးအဆက်အဖြစ် မန္တလေးတိုင်းမှ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲမြို့များတွင် တအာင်းတပ်မတော်  (TNLA)  နှင့် စစ်ကောင်စီ တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ၂၆ ရက်တွင် PSLF/TNLA မှ သတင်းထုတ်ပြန်ထားသည်။

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ ကျောက်မဲမြိုရှိ စစ်ကောင်စီ အမြောက်တပ်ကုန်း အမှတ် (၃၅၂) အမြောက်တပ်ရင်းနှင့် စခန်းသာတိုတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျှက်ရှိကြောင်းသိရသည်။

“ဇွန်လ (၂၆)ရက် မနက် (၅း၄၇)အချိန်တွင် ကျောက်မဲမြို စခန်းသာကုန်း၌သော်လည်းကောင်း၊ (၆း၃၀)အချိန်တွင် အမြောက်ကုန်း၌သော်လည်းကောင်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်ဖွဲတိုကြား ဇွန်လ (၂၅)ရက်နေ့တွင် တိုက်ပွဲပြင်းထန် စတင်ဖြစ်ပွားခဲ့သည်” ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်

ထို့အပြင် တအာင်းပြည်တပ်မဟာ (၂)စစ်ဒေသ နောင်ချိုမြို  စစ်ကောင်စီ တပ်ရင်း(၁၁၅) ခြေမြန်တပ်ရင်းဌာနတွင် စစ်ကောင်စီနှင့် တအာင်းတပ်မတော် TNLA တိုအကြား ဇွန်လ (၂၆) နံနက် (၁၀း၄၀)အချိန်အတွင် နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်းသိရသည်။

တပ်မဟာ (၂) စစ်ဒေသ မိုးကုတ်မြိုနယ်တွင် စစ်ကောင်စီတပ် ဗျူဟာကုန်းစခန်းတွင် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

မိုးမိတ်၊ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲစတဲ့ မြိုနယ်တွေမှာ တအာင်းတပ် TNLA နှင့် စစ်ကောင်စီတို့ အကြား တိုက်ပွဲပြင်ထန်ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူများအချို ဘေးလွတ်ရာသို ထွက်ပြေး တိမ်းနေကြရကြောင်း သိရသည်။

ဆက်စပ် သတင်းများ