- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၃
နိရဉ္စရာ၊ အောက်တိုဘာ၆ ( နိုင်ငံတကာ)
မြန်မာနဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်မှာ လက်နက်မှောင်ခိုမှုနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေကို တားဆီးနိုင်ဖို့ အတွက် သေနတ်နဲ့ ပစ်ခတ်ဖို့ ခွင့်ပြုသွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီး နိုင်ငံခြားရေး၀န်ကြီး အေကေအဘာဒူလ် မိုမန်းက မနေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အောက်တိုဘာ ၅ ရက် နေ့နံနက်ပိုင်းက ဘင်္ဂလာဒေ့ရှ်နိုင်ငံ မြောက်ပိုင်းက ဆီးလပ် ဆေးကောလိပ် အစီအစဉ်တစ်ခုတက်ရောက်ပြီးနောက်သတင်းထောက်တွေကို ခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ခုလို လုပ်တာဟာ မြန်မာနယ်စပ်တစ်လျှောက်မှာ လက်နက်ကုန်သွယ်မှု နဲ့ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ လူမှောင်ခိုကူးမှုတွေကို ရပ်တန့်ရေး အတွက် ရည်ရွယ်တယ်လို့ ပြောဆိုသွားပါတယ်။
နိုင်ငံ တစ်ခုနဲ့ ထိစပ်နေတဲ့ နယ်စပ်ကို အရင် ခုလို ပစ်ခတ်ဖို့ ဆုံးဖြတ်ထားတာမရှိပေမဲ့ တနင်္လာနေ့က ဘင်္ဂလာ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ် အရေး ဆွေးနွေးခဲ့ရာမှာ အနာဂတ်မှာ ခုလို ပစ်ခတ်မယ်လို့ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ခုလို ပစ်ခတ်မှသာ လူမှောင်ခိုကူးမှု၊ မူးယစ်ဆေးဝါးမှုနဲ့ လက်နက်မှောင်ခိုမှုကဲ့သို့သော ရာဇ၀တ်မှုတွေ ရပ်တန့်သွားလိမ့်မယ်လို့လည်း သူကပြောပါတယ်။
နောက်တစ်ခြား သတင်းတစ်ပုဒ်မှာတော့ ကော့စ်ဘဇားခရိုင်အတွင်းမှာ တည်ရှိတဲ့ မြန်မာ မူဆလင် ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ မူးယစ် ရာဇဝတ်ဂိုဏ်းတွေရဲ့ လက်ထဲကို မြန်မာဘက်က လက်နက်တွေ ဝင်ရောက်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။