- Web Master
- ၃၀ မတ် ၂၀၂၄
ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်ထားသည့် ပလက်ဝဒေသတွင် ပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာလုပ်ကိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်က မိုင်းရှင်းလင်းရေး
လုပ်ဆော
"ပလက်ဝမှာ အခု အရမ်းအေးချမ်းနေပါပြီ။ လာဗုံးကြဲတာမျိုးတွေလည်း မရှိတော့ပါဘူး။ ဒါပေမယ့် စစ်ရှောင်တွေကိုတော့ အခုမခေါ်သေးပါဘူး။ အနယ်နယ်အရပ်ရပ်ကို ချောင်ကြို ချောင်ကြားကအစ ရက္ခိုင့်တပ်တော်က အကုန်မိုင်းရှင်းလင်းရေး လုပ်နေပါတယ်။ မိုင်းရှင်းလင်း
ပလက်ဝဒေသခံများသည် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ စတင်ဖြစ်ပွါးသည့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကတည်းက စစ်ဘေးရှောင်ဘဝနှင့် တိမ်းရှောင်နေခဲ့ကြရသည်။
စစ်ဘေးရှောင်စခန်းများတွင် ခက်ခဲကျပ်တည်းစွာ ကာလကြာရှည် နေထိုင်လာခဲ့ရသည့်အတွက် ပလက်ဝကို အေအေက သိမ်းပိုက် လိုက်နိုင်သည့် အပေါ်
"စစ်ဘေးရှောင်စခန်းတွေမှာက တအားခက်ခဲတယ်။ နေတာထိုင်တာ စားတာသောက်တာ တအားခက်ခဲတယ်။ ဒါပေမယ့် ကျမတို့ ကိုယ့်ရွာ ကိုယ့်နယ်ကိုတော့ ပြန်လို့မရဘူးလေ။ ဒါကြောင့် ဒီလိုပဲ နေရတယ်။ ပလက်ဝ ရသွားပြီကြားတော့ ကျမ အရမ်းကိုပျော်တယ်။ ကိုယ့်နယ်၊ ကိုယ့်မြေကိုသွားချင်တယ်။ အဲ့ဒီမှာကျတော့ ကျမတို့ လွတ်လွတ်လပ်လပ်လုပ်စားလို့ရတယ်
စစ်ကောင်စီတပ်သည် သူတို့စခန်းချနေထိုင်ခဲ့ရာ ပတ်ဝန်းကျင်နှင့် ပြည်သူများနေထိုင်ရာ ကျေးရွာအနီးအနားရှိတောင်တန်းများတွင် မြေမြုပ်မိုင်းများ အကြီးအကျယ်ထောင်ထားခဲ့သည်ဟု သိရသည်။
သို့အတွက် နေရာဒေသအတော်များများတွင် မိုင်းအန္တရာယ်များ ကျန်ရှိနေသေးသည်ဟုဆိုသည်။
ပလက်၀ ဒေသတွင် ပြည်သူတို့၏ အသက်၊ အန္တရာယ် ၊ အိုးအိမ်၊ စည်းစိမ်တို့ကို ယခုထက် ပိုမိုလုံခြုံ
စိတ်ချစေရန်
ရက္ခိုင့်တပ်တော် ( AA) သည် ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင်စတင်ခဲ့ပြီး ရက်ပေါင်း (၆၂) ရက်အကြာတွင် ပလက်၀ဒေသ တစ်ခုလုံးသည် စစ်ကောင်စီ ကင်းရှင်းနယ်မြေ ဖြစ်သွားပြီ ဖြစ်ကြောင်း ဇန်နဝါရီ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ (NN-7)