- Web Master
- ၁၅ အောက်တိုဘာ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်က မြန်မာမှ ရေချိုငါးမှာယူမှုလျှော့ချထား၍
ရခိုင်နယ်စပ်ကုန်သွယ်မှု ၉ဝ ရာနှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့
နယ်စပ်ကုန်သွယ်ရာတွင် ရေချိုငါးတင်ပို့မှာ ၇ဝ ရာနှုန်းခန့်အထိ ရှိခဲ့သော်လည်း ပြီးခဲ့သည့်
မတ်လမှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက
ရေချိုးငါးမှာ ယူမှုကန့်သတ်လိုက်
“သူတို့နိုင်ငံရဲ့အခက်အခဲကြောင့်
ရခိုင်နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဘင်္ဂလားဒေ့ရှ်သို့
အဓိကထားတင်ပို့နေရသည့် ရေချိုငါးသည် ဧရာဝတီ၊ ရန်ကုန်နှင့်
ပဲခူးတိုင်းဒေသကြီးဘက်မှ ထွက်ရှိသည့် ငါးမြစ်ချင်းများဖြစ်သည်။
ယခုကဲ့သို့
ရေချိုးငါးတင်ပို့မှု ကန့်သတ်ခံလိုက်ရ၍
ရင်းနှီးမြှုပ်နှံထားရသည့် ရေချိုးငါး မွေးမြူသူများတွင်
အခက်တွေ့ရနေရသည်ဟုလည်း
သိရသည်။
ပြီးခဲ့သည့်
မတ်လနောက်ဆုံးပတ်မှစပြီး ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် ဆိုနာလီ (Sonali)ဘဏ်နှင့် ပုဂ္ဂလိကပိုင် အာဂရနီ(Agrani)
ဘဏ်များက
မြန်မာကုန်သည်များသို့ ထုတ်ပေးနေသည့် အမေရိကန် ဒေါ်လာကို
ကန့်သတ်ခဲ့သည်ဟု မြန်မာဘက်မှ ကုန်သည်များက ပြောသည်။
ယင်းကြောင့်
ဘင်္ဂလားဒေ့ရှ်ဘက်ရှိ ကုန်သည်များသည် သူတို့ဝယ်ယူမည့်ကုန်စည်များအတွ
RSCCI ဥက္ကဋ္ဌ
ဦးတင်အောင်ဦးက “ပထမတုန်းမှာဆိုရင်
၉ဝ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တာပါ။ အခုက တဖြည်းဖြည်း
တဖြည်းဖြည်းနဲ့ စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းတွေ
မြန်မာ-ဘင်္ဂလားဒေ့ရှ်
နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု
ယင်းအထဲတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း
(ကညင်ချောင်း ဆိပ်ကမ်း)မှ ၂ ဒသမ ၅၂ သန်းဖိုးနှင့် စစ်တွေကုန်သွယ်ရေးစခန်း
(ရွှေမင်းဂံ ဆိပ်ကမ်း)မှ ၁ ဒသမ ၉၃ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့သည်ဟု
ဆိုသည်။
ပြီးခဲ့သည့် ၂ဝ၂၂
ခုနှစ်၊ ဧပြီလမှ
ဇူလိုင်လအထိ ကာလတူ ၄ လအတွင်းတွင်ဆိုလျှင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုတန်ဖိုးမှာ
အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅၁ သန်းဖိုးအထိ ဆောင်ရွက်နိုင်ခဲ့သည်ဟု RSCCI စာရင်းအရ သိရသည်။
ယင်းကြောင့် ယခုနှစ် ၄
လအတွင်း ကုန်သွယ်မှုတန်ဖိုးသည် ယခင်နှစ်က ၄ အတွင်း ကုန်သွယ်မှု ပမာဏထက် ၆ဝ ရာခိုင်နှုန်းခန့်
ကျဆင်းသွားခဲ့ကြောင်း သိရသည်။လက်ရှိတွင်
မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရှမ်းပြည်ဘက်မှလာသည့် ချင်းနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းမှလာသည့်