- Web Master
- ၁၅ အောက်တိုဘာ ၂၀၂၄
မြန်မာ့အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးကြောင့် လွန်ခဲ့သည့်၂၄ နာရီအတွင်း ၁၇ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက်ယခုနှစ်အတွင်း သေဆုံးသူအရေအတွက်မှာ ၈၃၉ ဦးအထိ တိုးလာသည်ဟု UNB သတင်းဌာနက ဖော်ပြသည်။
ယမန်နေ့ တနင်္လာနေ့အထိ
၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၁၇ ဦး ထပ်မံရှိခဲ့ပြီး
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ခြင်ကြောင့်ဖြစ်သော သွေးလွန်တုတ်ကွေးရောဂါကြောင့် ယခုနှစ် ၂၀၂၃ ခုနှတွင် သေဆုံးသူ ၈၃၉
ဦးအထိ တိုးမြင့်လာခဲ့သည်။
ဗိုင်းရပ်စ်အဖျားရောဂါကြောင့် နောက်ထပ်လူနာ ၃၀၈၄ ဦးကို ဆေးရုံတင်လိုက်ရပြီး လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုတ်ကွေးကြောင့် နိုင်ငံတစ်ဝှမ်းရှိ ဆေးရုံများတွင် ဆေးရုံတက် ကုသနေရသူမှာ ၁၀,၀၃၂ ဦးရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှုဌာန (DGHS) ကိုးကားပြီး အဆိုပါ သတင်းဌာနက ဖော်ပြသည်။
လူနာသစ်များအနက်
၈၉၄ ဦးကို ဒါကာရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ပြီး လက်ရှိ ဒက္ကားမြို့ ဆေးရုံများတွင် သွေးလွန်တုပ်ကွေးလူနာ
၃၈၆၁ ဦးမှာ ကုသမှုခံယူလျက်ရှိသည်ဟု ဆိုသည်။
ယခုအချိန်အထိ ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၇၀,၇၆၈ ဦး၊ ပြန်လည် ကောင်းမွန်သူ ၁၅၉,၈၉၇ ဦးရှိပြီး ယခုစက်တင်ဘာလ ပထမနှစ်ပတ်အတွင်း ခြင်ပေါက်ဖွားသော သွေးလွန်တုတ်ကွေးကြောင့် နိုင်ငံတစ်ဝှမ်းတွင် လူ ၁၇၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ (NN-30)
Ref: Dhaka Tribune