နိရဉ္စရာ၊ သြဂုတ်
၁၈/၂၀၂၂
ယနေ့ သြဂုတ်လ
၁၈ရက်၊ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလား ပင်လယ်အော်
အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော
ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင်
လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး ၎င်းလေဖိအားနည်း
ရပ်ဝန်းသည် နောက် (၃၆) နာရီအတွင်း
မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်လာနိုင်သည်ဟု
မြန်မာနိုင်ငံ
မိုး/ဇလက ခန့်မှန်းထားသည်။
မြန်မာနိုင်ငံ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီဌာနက ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က
ထုတ်ပြန်ထားချက်အရ ၎င်းလေဖိအားနည်းရပ်ဝန်း
(Low Pressure Area) သည်
အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး နောက် ၁၂ နာရီအတွင်း
ပိုမိုအားကောင်းလာနိုင်ပြီး အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked
Low Pressure Area) အဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု ဆိုသည်။
လေဖိအားနည်းရပ်ဝန်း(Low
Pressure Area) ၏
အရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ
အားအလွန်ကောင်းနေပြီး ယနေ့ မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း မိုးလေဝသခန့်မှန်းချက်မှာ
မြန်မာနိုင်ငံမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာစိပ်စိပ်မှ
နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍
မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ
ဖြစ်ပေါ်လာနိုင်သည်ဟု သိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်
ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်
မိုင်(၄၀) အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတစ်လျှောက်နှင့်
ကမ်းလွန် ပင်လယ်ပြင်တို့တွင်
(၉)ပေမှ (၁၃)ပေခန့်ရှိနိုင်သည်ဟု
မြန်မာနိုင်ငံ မိုး/ဇလက ထုတ်ပြန်ထားသည်။
မိုးရွာသွန်းခြင်းနှင့်အတူ
လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့်
မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်
ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်
မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင်
နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့်
ပြည်တွင်း ရေကြောင်းသွားလာရေးနှင့်
လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန်
အသိပေးနှိုးဆော်အပ်ပါသည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ နံနက်
၁၀ နာရီခွဲက ထုတ်ပြန်ထားသည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းကြောင့် ရွေပြည်တန်အမြန်ရေယာဉ်လိုင်း
ခရီးစဉ်ဖြစ်သည့် စစ်တွေ-ကျောက်ဖြူ-တောင်ကုတ်-မာန်အောင် ခရီးစဉ်များနှင့် ယနေ့
နေ့ခင်းပိုင်းတွင်ထွက်မည့် ခရီးစဉ်များကို ရပ်ထားလိုက်ပြီဟု ရွှေပြည်တန် အမြန်ယာဉ် မန်နေဂျာ ဦးစံမော်သိန်းက
နိရဉ္စရာကိုပြောသည်။
NN-3