- Web Master
- ၀၇ ဧပြီ ၂၀၂၄
ကရင်နီ(ကယားပြည်နယ်) ဒီမောဆိုမြို့နယ်၊ ဘုရားဖြူစခန်းကို ကရင်နီတော်လှန်ရေးအဖွဲ့အစည်းများက နိုဝင်ဘာ ၁၁ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည်ဟု သတင်းရရှိသည်။
သိမ်းပိုက်စဉ် လက်နက်ခဲယမ်းအများအပြားနှင့် အတူ စစ်သုံ့ပန်းများကို ဖမ်းဆီးရမိသည်ဟု သိရသည်။
ကရင်နီ ၁၁.၁၁ စစ်ဆင်ရေး (11.11 Operation) ကို ယမန်နေ့ နိုဝင်ဘာ (၁၁) ရက်မှ စတင်၍ KA၊ KNDF၊ KNPLF၊ DMO- Local PDF၊ မြို့ပြပျောက်ကြားတပ်တို့နှင့်အတူ စတင်ဆင်နွှဲနေကြသည်။
လက်ရှိတွက် NUG အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရှမ်းတောင်-ကယား(ကရင်နီ) စစ်တိုင်းဌာနမှ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ဖရူဆိုနှင့် ရှမ်းတောင် PDF တပ်ရင်းများ ပူးပေါင်းဆင်နွှဲလျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ- NUG