တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

ရက္ခိုင်တပ်တော်က (၂) ရက်အတွင်း ပလက်၀ရှိ ချင်းလက်၀နှင့်ခမောင်းဝစခန်းကုန်းအားသိမ်းပိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၄ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

(လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိ)

ရက္ခိုင်တပ်တော် ( AA) က ၂ ရက်အတွင်း ပလက်၀ဒေသအတွင်းရှိ ချင်းလက်၀နှင့် ခမောင်းဝစခန်းကုန်းအား သိမ်းပိုက်လိုက်ပြီး  လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိသည်ဟု ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်သည်။


၎င်းစခန်းများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း၌ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော ရန်သူ့စခန်းကုန်းများထဲမှ ပလက်ဝမြို့နယ်၊ ခမောင်းဝ စခန်းကုန်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သကဲ့သို့ ယနေ့ ဇန်နဝါရီလ (၃) ရက်နေ့၌လည်း ချင်းလက်ဝစခန်းကုန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။


ရန်သူ့အလောင်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။


ဆက်စပ် သတင်းများ