- Web Master
- ၃၁ ဇူလိုင် ၂၀၂၄
(မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်း)
နိရဉ္စရာ၊ အောက်တိုဘာ ၂၃/၂၀၂၂( NN-3 မှ မေးမြန်းသည့် အင်တာဗျူး)
လက်ရှိ စစ်ကောင်စီတပ် ပစ်ခတ်နေသော လက်နက်ကြီးကျည်များသည် ရခိုင်ပြည်အတွင်းရှိ ကျေးရွာများကို ကျရောက်သဖြင့် ပြည်သူများသေဆုံးမှု၊ ထိခိုက်မှုများ ရှိနေသည်ကို ရခိုင်ပြည်သူများအနေဖြင့် သိရှိပြီးဖြစ်ပါသည်။ ထိုသို့ ပစ်ခြင်းနှင့် ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ရခိုင်အရေးကို အနီးကပ်လေ့လာစောင့်ကြည့်နေသူ ဦးဖေသန်းက “မြန်မာစစ်ကောင်စီတပ်က ကျေးရွာမျာကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းမှာ (ULA/AA) ကို ထောက်ခံရမလားဆိုပြီး အငြိုးအတေးနဲ့ လက်စားချေနေတာဖြစ်ကြောင်း” အတိအလင်း ပြောဆိုပါသည်။ ၎င်းပြင် စစ်ကောင်စီ တပ်ဖွဲ့များအနေဖြင့် ပြည်သူကို လုံးဝ ပစ်မှတ်ထားတိုက်ခိုက်လာသည်မှာ ထင်ရှားကြောင်း၊ ပြည်သူကို ရန်သူသဖွယ် ဆက်ဆံလာသည်ကို တွေ့ရကြောင်း၊ ပစ်မှတ်လွဲပြီး မတော်တဆကျသွားခြင်းလည်းမဟုတ်သလို ရမ်းသန်း ပစ်ခတ်နေခြင်းလည်းမဟုတ်ကြောင်း၊ ရွာထဲတည့်တည့် ပစ်လာသည်ကိုတွေ့ရှိရကြောင်း၊ အေအေတပ်ဖွဲ့များရှိရာ စခန်းများကို ပစ်ခတ်မှုနည်းပါးသလို သွားရောက်တိုက်ခြင်းလည်း မပြုလုပ်ကြောင်း၊ ရခိုင်ပြည်သူများကိုသာ တမင်ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်လာသည်ကို တွေ့ရှိရကြောင်း ပြောဆိုပါသည်။
ဦးဖေသန်း၏ တုံ့ပြန်ပြောဆိုချက်များနှင့် ပတ်သက်ပြီး အများပြည်သူများသိရှိနိုင်စေရန် သူနှင့် တွေ့ဆုံမေးမြန်းမှု အသေးစိတ်ကို ဖော်ပြပေးလိုက်ပါသည်။
မေး- အခုရခိုင်မှာ
စစ်ကောင်စီတပ်က လူနေကျေးရွာတွေမှာ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့
ကျေးရွာတွေထဲကို လက်နက်ကြီးတွေ ပစ်တဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ မင်းပြားမှာ ညီအစ်မ နှစ်ဦး၊
ကလေးတွေနဲ့ ကျောင်းဆရာမတို့ သေဆုံးတာ၊ ကျောက်တော်ဘက်မှာလည်း
မူဆလင်အမျိုးသမီးတစ်ဦးသေဆုံးတာ၊ ရသေ့တောင်ဘက်မှာဆိုရင်လည်း
၇ တန်းကျောင်းသူလေး
တစ်ယောက် သေဆုံးတာတွေ ရှိခဲ့ပါတယ်။ ဒီလိုမျိုး
စစ်ကောင်စီတပ်ကနေပြီးတော့ လူနေကျေးရွာတွေ၊ အပြစ်မဲ့ပြည်သူတွေကို
ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်နေတာကို ဆရာအနေနဲ့ ဘယ်လိုမျိုး မြင်မိပါသလဲ။
ဖြေ- တစ်ရက်ထက်တစ်ရက်၊
တစ်လထက်တစ်လ ထင်ရှားလာတာကတော့ စစ်ကောင်စီတပ်ဖွဲ့တွေ အနေနဲ့ ရခိုင်ပြည်သူကိုလုံးဝပစ်မှတ်ထားလာတယ်။
ပြည်သူကို ရန်သူသဖွယ်ဆက်ဆံလာတယ်။ အဲဒါကို တွေ့ရတယ်။
ပစ်မှတ်လွဲလို့ မတော်တဆကျသွားတာလည်း မဟုတ်ဘူး။ ရမ်းသန်း ပစ်ခတ်တာလည်း မဟုတ်ဘူး။
ရွာထဲတည့်တည့်ကို ပစ်လာတယ်။ အေအေတပ်ဖွဲ့တွေ၊ စခန်းတွေရှိတဲ့နေရာတွေထက် အရပ်သားကျေးရွာတွေကို ပိုပစ်တယ်။ အေအေကိုကျ အဲဒီလိုလည်း သွားမတိုက်ပြန်ဘူး။
ပြည်သူကို တမင်
ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်လာ
မေး- ဟုတ်ကဲ့။ ရခိုင်ပြည်သူတွေဆိုတာကလည်း မြန်မာနိုင်ငံထဲက နိုင်ငံသားတွေပဲလေဆရာ။ ဘာကြောင့်မို့ ကိုယ်ပြည်သူတွေကို မြန်မာစစ်တပ်က ရန်သူလို သဘောထားပြီး တိုက်ခိုက် သတ်ဖြတ်နေရတာပါလဲ။
ဖြေ-
အဓိကတော့ ULA နဲ့
ရက္ခိုင့်တပ်တော် အေအေကို
ထောက်ခံရမလားဆိုပြီးတော့ အငြိုးအတေးနဲ့
လက်စားချေနေတာ ဖြစ်တယ်။ အဲဒီဒဏ်ကတော့ ကျနော်တို့တွေ ဆက်ပြီးခံနေရအုံးမယ်။
သူတို့မှာက အဓိကပစ်မှတ်လွဲနေတာမဟုတ်ဘူး။ ပစ်မှတ်ကို တည့်တည့်၊
သူတို့ရည်ရွယ်တဲ့ပစ်မှတ်ကို တည့်တည့်ပစ်နေတာဖြစ်တယ်။ လူထုအပေါ်မှာ
ရက်ရက်စက်စက်သတ်ဖြတ်နေတာဖြစ်တယ်
မေး- ဟုတ်ကဲ့။
အခုလိုမျိုး ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ သတ်ဖြတ်နေတဲ့အတွက်ကြောင့်
နောက်ပိုင်းမှာ ဘာတွေဖြစ်လာနိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ- ပြည်သူကတော့
နေ့တိုင်းနေ့တိုင်း လိုင်းပေါ်မှာမြင်ရတဲ့အတိုင်းပဲ
မေး- ဟုတ်ကဲ့ပါ။
အခုလက်ရှိ (AA) နဲ့ စစ်ကောင်စီတပ်နဲ့
ဖြစ်နေတဲ့တိုက်ပွဲအခြေအနေကပါရော ဘယ်လောက်ကို ကျယ်ပြန့်နေပြီးလို့
ဆရာအနေနဲ့မြင်မိပါသလဲ။
ဖြေ- ကျနော်တို့ကတော့
လိုင်းပေါ်မှာတွေ့နေတဲ့အတိုင်း
မေး- ပြီးတော့လေဆရာ
စစ်ကောင်စီတပ်ကနေပြီးတော့ ကျေးရွာတွေမှာ အိမ်ထောင်စု စာရင်းတွေကောက်နေတာ
ဖြေ- အဲဒါကတော့
နိုင်ငံရေးအရလည်း အရေးမပါပါဘူး။ သူတို့အတွက်တော့ စစ်ကောင်စီ အတွက်တော့ ထွက်ပေါက်တစ်ခုလို့ သူတို့ယူဆပြီး
လုပ်တာပဲ။ သို့ပေမဲ့ ကျနော်တို့ရခိုင်တွေက
အဲဒီရွေးကောက်ပွဲတွေအပေါ်မှာ အာရုံမရှိတော့ဘူး။ လက်တွေ့မှာလည်းမဖြစ်နိုင်ဘူး။
(ULA/AA) ကလည်း
လက်တွေ့မှာ အဲဒီလို ဗမာအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို
တည်ဆောက်လာဖို့ ခွင့်ပြုချင်မှ ခွင့်ပြုမယ်။ ရခိုင်ပြည်နယ်အတွက်တော့
ဒီရွေးကောက်ပွဲဟာ ပြည်သူ
စိတ်ဝင်စားမှုလည်း မရှိ၊ နိုင်ငံရေးအခက်အခဲကို
ဖြေရှင်းနိုင်တဲ့အခြေအနေလည်းမရှိ
မေး- ဟုတ်ကဲ့။
အခုလိုဖြေဆိုပေးတဲ့အတွက် ကျေးဇူးပါ။
ဖြေ- ဟုတ်ကဲ့။ ကျေးဇူးပါ။