- Web Master
- ၃၁ ဇူလိုင် ၂၀၂၄
နိရဉ္စရာ၊ ဧပြီ ၂၆ (Voxpop)
နှစ်စဉ်နှစ်တိုင်း နွေရာသီကို
ရောက်လာပြီဆိုရင် ရခိုင်ဒေသဟာ ရေရှားပါးမှုပြဿနာကို အကြီးအကျယ် ခံရလေ့ရှိပါတယ်။
အဲဒီလို ရေရှားပါးမှုဒဏ်ကြောင့် ဝမ်းရောဂါ၊ အရေပြားရောဂါဖြစ်ပွားမှုတွေကို
မြန်မာနိုင်ငံအပူပိုင်းဒေသတွေမှာတောင် ရေရှားပါးမှုဟာ နည်းပါးလွန်းပြီးတော့ နှစ်စဉ် မိုးရေချိန်လက်မ (၂၀၀) လောက်အထိ ရွာသွန်းနေတဲ့ ရခိုင်ပြည်နယ်မှာ ဘာကြောင့် နှစ်စဉ် ရေရှားပါးနေရသလဲ။ ရေရှားပါးမှုပြဿနာတွေကို ဖြေရှင်းဖို့ အစိုးရအနေနဲ့ ဘာတွေလုပ်ဆောင်သင့်သလဲ။ ဒါနဲ့ပတ်သက်ပြီး ရခိုင်ဒေသခံတွေက ဘာတွေ ပြောနေကြသလဲ။ တတ်နိုင်သလောက် လူထုအသံကို မေးမြန်းတင်လိုက်ပါတယ်။ (NN-21)
=============
ဦးဦးထွန်းဝင်း
(ကျောက်တော်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)
“၂၀၁၄ သန်းခေါင်စာရင်းအရ
မြန်မာနိုင်ငံမှာ ရေချို၊ ရေသန့် သောက်သုံးမှုမှာ ရခိုင်ပြည်နယ်ဟာ အနိမ့်ဆုံးအဆင့်မှာ
ရှိပါတယ်။ မြန်မာနိုင်ငံအပူပိုင်းဒေသတွေမှ
မဆောင်းနှင်းဝေ
(စစ်တွေဒေသခံလူငယ်)
“အစိုးရအဆက်ဆက်က ဒီပြဿနာတွေကို
ဖြေရှင်းဖို့ မကြိုးစားခဲ့ဘူး။ ပြည်သူတွေအတွက်ကို သူတို့ စဉ်းစားပေးခဲ့တာတွေလည်း
မရှိဘူး။ ကျမတို့ဆီမှာဆိုလို့ရှိရင် UNDP အစီအစဉ်နဲ့ ရေတွင်း၊ ရေကန် တူးပေးတာတွေလုပ်ခဲ့တယ်။ ဒါပေမဲ့
သူတို့ သတ်မှတ်ထားတဲ့
ရွာတွေမှာ တကယ့်ကို လိုအပ်သလား။ မလိုအပ်ဘူးလား။ အဲဒါတွေနဲ့ပတ်သက်ပြီးတော့
ကြိုတင် သုတေသနလုပ်ထားတာတွေမရှိဘူး။ အလုပ်တစ်ခုကို
ပြီးစလွယ်လုပ်သွားတာပဲရှိတယ်။ သေသေချာချာ ကြိုတင်စီစဉ်ထားတာလည်း
မရှိခဲ့ဘူး။ နောက်တစ်ချက်က ရေပြဿနာဟာ သူတို့နဲ့ မဆိုင်သလိုမျိုး
အစိုးရအဆက်ဆက်က ကျေးလက်ဖွံ့ဖြိုးရေးတွေ၊ ဒေသဖွံ့ဖြိုးရေးတွေကို
လုပ်ဆောင်ပေးခဲ့တာတွေလည်း မရှိဘူး။ ရေပြဿနာကို ဖြေရှင်းဖို့အတွက်
အရင်ဆုံး သုတေသနလုပ်ရမယ်။ ရေရှားပါးနေတဲ့ နေရာတွေမှာ ရေကန်တူးပေးသင့်သလား။
စက်ရေတွင်းတူးပေးသင့်သလား။ အဲဒါတွေကို အရင်ဆုံးသုတေသန လုပ်ရမယ်။ ပြီးလို့ရှိရင်
တကယ့်လိုအပ်နေတဲ့နေရာတွေမှာ လိုအပ်သလို လုပ်ပေးရမယ်။
အချက်အလက်တွေကောက်ပြီးတော့ ကျေးရွာမှာရှိနေတဲ့ ရွာတာဝန်ခံတွေနဲ့
ဆွေးနွေးပြီးတော့ အဖြေရှာရမယ်လို့ မြင်ပါတယ်”
ဦးကျော်ဝင်းခိုင်
(မင်းပြားမြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း)
“မိုးရေချိန်လက်မ
(၂၀၀) ကျော်လောက်ရတဲ့
ရခိုင်ပြည်အနေနဲ့ ရေရှားပါးမှုဟာ မဖြစ်သင့်ဘူး။ အစိုးရရဲ့
ကူညီပံ့ပိုးမှုကို ကြည့်မယ်ဆိုရင် ရေကာတာတည်ဆောက်မှုကလည်း အလွန်တရာ
အားနည်းပါတယ်။ ကန်တူးဖော်မှုကိစ္စတွေမှာလည်း အစိုးရအနေနဲ့ တစ်စုံတရာ
ဘတ်ဂျက်တွေလည်း မပေးဘူး။ မိုးနည်းတဲ့ ဒေသတွေမှာတောင် ရေရှားပါးမှုတွေကို
မကြုံတွေ့ရဘဲနဲ့ ကျနော်တို့ ရခိုင်ဒေသပဲ ရေရှားပါးမှုဒဏ်ကို
ကြုံတွေ့နေရတယ်ဆိုရင် အစိုးရရဲ့ ထောက်ပံ့မှုအားနည်းတယ်ဆိုတာကတော့
ကိုကျော်ကျော်ခိုင်
(ပေါက်တောဒေသခံ)
“အဓိကတော့ စီမံခန့်ခွဲမှုအားနည်းတယ်။
ကျနော်တို့ သိသလောက်ဆိုရင် ဘတ်ဂျက်တွေချပြီးတော့
နတ်တောင်ပြင်ဆည်ကို ပြုပြင်တာ နှစ်ခါ၊ သုံးခါရှိပြီ။ ဒါပေမဲ့ အဲဒီဆည်ရေကို
သိုလှောင်မှုကောင်းအောင် စနစ်တကျ မထိန်းသိမ်းနိုင်ဘူး။ ဘတ်ဂျက်တွေပဲ အလဟဿ ဆုံးရှုံးသွားတယ်။ နောက်ပြီးတော့ ရေဖြန့်ဝေတဲ့အချိန်မှာလည်း
မိုးရာသီမှာဆိုရင် အလျှံအပယ်ဖြန့်ဝေတယ်။ နွေရာသီရောက်တာနဲ့
ရေက မရှိတော့ဘူး။ အားလုံးကို ခြုံပြီးတော့ ပြောရမယ်ဆိုရင်
စီမံခန့်ခွဲမှုစနစ်တကျ မရှိလိုပဲ မြင်တယ်။ ရပ်ရွာတွေမှာဆိုရင်လည်း
ရှိနေတဲ့လူနဲ့ ရေကန်နဲ့က မမျှတဘူး။ အဲဒါကြောင့် အစိုးရဘက်က
ရေကန်အသစ်တွေ တူးဖော်ပေးဖို့လိုတယ်”
အမျိုးသမီးတစ်ဦး
(ရသေ့တောင်မြို့)
“ရသေ့တောင်မြို့နယ်၊ မယူမြစ်
အရှေ့ဘက်ကမ်းခြေတစ်ခုလုံးဟာ စစ်ဘေးရှောင်ဘဝနဲ့ ရသေ့တောင်မြို့ထက်ကို
ရောက်နေကြတယ်။ အရင်အချိန်ကဆိုရင် ရသေ့တောင်လူဦးရေနဲ့ မြို့မှာရှိတဲ့
သောက်နေကန်၊ သုံးရေကန်တွေက လုံလောက်တယ်။ အခုက ရသေ့တောင်မြို့မှာ
လူဦးရေကလည်း
များတယ်။ ကန်တွေကလည်း တစ်နှစ်ထက်တစ်နှစ်တိမ်ကောလာတော့
ရေလုံးဝမလုံလောက်
ဖြစ်လာတယ်။
အစိုးရအနေနဲ့ အဲဒီကန်တွေကို
စနစ်တကျ တူးဖော်ပေးစေချင်တယ်။ ရပ်ကွက်တွေမှာ ရေတွင်းတွေ၊ အဝီစိတွင်းတွေတူးပေးစေချင်တယ်”
(ပြီး)