တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

အာဆာနှင့် တိုက်ပွဲဖြစ်၍ ဘင်္ဂလာရဲတစ်ဦး ဆေးရုံတင်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

နိရဉ္စရာ၊ ဇူလိုင် ၁၆/ ၂၀၂၄

ဘင်္ဂလားဒေရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုးကီးယားမြို့နယ်ရှိ ဒုက္ခသည်စခန်းတွင် အာဆာ (ARSA)  အကြမ်းဖက်သမားများနှင့် ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင် ရဲတပ်ဖွဲ့ (APBN) တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတစ်ဦးသေနတ်ကျည်ထိမှန်ကာ ဆေးရုံတင်ခဲ့ရသည်။

မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုနှင့် ကပ်ရပ်တည်ရှိတည်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်င အိုးကီးယားမြို့နယ်၊ Madhurchhara ဒုက္ခသည်စခန်းမှ တိုးချဲ့ ဒုက္ခသည်စခန်း အမှတ် (၄) တွင် တနင်္ဂနွေနေ့ (ဇူလိုင် ၁၄ ရက်) အစောပိုင်းက အာဆာ (ARSA) နှင့် ဘင်္ဂလာရဲတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အမှတ် (၈) ရဲတပ်ဖွဲ့ (APBN) ၏ ကပ္ပတိန် Mohammad Iqbal က ပြောကြားခဲ့သည်။

သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့သူမှာ ရဲတပ်သားမှာ  Shahraj (၂၅)နှစ်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဝင် ၉ ဦးသည် တနင်္ဂနွေ နံနက်ပိုင်း၌  ဒုက္ခသည် စခန်းတွင် လုံခြုံရေး ဆောင်ရွက်နေစဉ် အာဆာအဖွဲ့ဝင် ၃၀ မှ ၃၅ ဦးခန့် သည် စခန်း၏ သံဆူးကြိုးအပြင်ဘက်မှ ဝင်ရောက်လာကာ ဘင်္ဂလာရဲတပ်ဖွဲ့များကို စတင်ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

ရဲတပ်ဖွဲ့ဝင်များက ပြန်လည် ခုခံကာကွယ်မှုဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် အာဆာအကြမ်းဖက် သမားများမှာ ထွက်ပြေးသွားခဲ့သည်။

တိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် ရဲ၏ ညာပေါင်နှင့် ညာလက်ချောင်းတို့ ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် အိုးကီးယားမြို့နယ်ဆေးရုံမှ ကော့စ်ဘဇားခရိုင်ဆေးရုံသို့ ပို့ဆောင် ဆေးကုသနေရသည်ဟု သိရသည်။

 

Ref and Photo: Cox’s bazar News

ဆက်စပ် သတင်းများ