သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင် စစ်ကောင်စီတပ်က အရာရှိတစ်ဦးဖမ်းဆီးခေါ်ဆောင်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 8.2k


နိရဥ္စရာ၊ ဇွန် ၂၃၊ ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ စစ်တပ် အရာရှိတစ်ဦးကို ယနေ့ ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီး ခေါ်ဆောင် သွားသည်ဟု သတင်းထွက်ပေါ်နေသည်။
ဖမ်းဆီးခံလိုက်ရသည့် အရာရှိမှာ ၃ ပွင့်အဆင့်ရှိသူဖြစ်သည်ဟုမျက်မြင် တစ်ဦးက ပြောဆိုသည်။
“ လုံခြုံရေးအရ ဖမ်းတဲ့နေရာ ပြောလို့မရဘူး။ နာမည်ကိုတော့ မသိရသေးဘူး။ ပြီးတော့ ဘယ်တပ်ရင်းကဆိုတာကိုလည်း မသိရသေးဘူး။ ဖမ်းခေါ်သွားတာ အမှန်ပါ”ဟု ၎င်းမျက်မြင်က ဆိုသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသည့် ယင်းအရာရှိတွင် ယူနီဖောင်းနှင့် လက်နက် အပြည့်အစုံပါသွားသည်ဟု သိရသည်။
လက်ရှိတွင် စစ်တွေမြို့၌ စစ်ကောင်စီတပ်သားများက ကားများဖြင့် ကင်းလှည့်နေကြသည်ဟု မြို့ခံများက ပြောသည်။ (NN-11)

ဆက်စပ် သတင်းများ