တနင်္လာ၊ အောက်တိုဘာလ ၇ရက်၊ ၂၀၂၄

ကရင်နီ(ကယားပြည်နယ်) စစ်ကောင်စီဘုရားဖြူစခန်း တော်လှန်ရေးအင်အားစုများသိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ကရင်နီ(ကယားပြည်နယ်) ဒီမောဆိုမြို့နယ်၊ ဘုရားဖြူစခန်းကို ကရင်နီတော်လှန်ရေးအဖွဲ့အစည်းများက နိုဝင်ဘာ ၁၁ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည်ဟု သတင်းရရှိသည်။

သိမ်းပိုက်စဉ် လက်နက်ခဲယမ်းအများအပြားနှင့် အတူ စစ်သုံ့ပန်းများကို ဖမ်းဆီးရမိသည်ဟု သိရသည်။

ကရင်နီ ၁၁.၁၁ စစ်ဆင်ရေး (11.11 Operation) ကို ယမန်နေ့ နိုဝင်ဘာ (၁၁) ရက်မှ စတင်၍ KA၊ KNDF၊ KNPLF၊ DMO- Local PDF၊ မြို့ပြပျောက်ကြားတပ်တို့နှင့်အတူ စတင်ဆင်နွှဲနေကြသည်။


လက်ရှိတွက် NUG အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရှမ်းတောင်-ကယား(ကရင်နီ) စစ်တိုင်းဌာနမှ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ဖရူဆိုနှင့် ရှမ်းတောင် PDF တပ်ရင်းများ ပူးပေါင်းဆင်နွှဲလျက်ရှိကြောင်း  ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ဓာတ်ပုံ- NUG


ဆက်စပ် သတင်းများ